အောင်မြင်နေတဲ့ အနပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ပိုပိုကတော့ အချစ်သီချင်းတွေနဲ့ ပရိသတ်ရင်ထဲရောက်ရှိလာသူလေးပဲဖြစ်ပါတယ်။ သူမဆိုတဲ့ သီချင်းလေးတွေတိုင်းဟာလည်း မိန်းကလေးပရိသတ်တွေရဲ့ခံစားချက်တွေနဲ့တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။ ဂီတကိုလည်း ဝါသနာပါပြီး ကြိုးစားအားထုတ်မှုတွေကြောင့် တစ်နေ့တစ်ခြားအောင်မြင်လာတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက်အနုပညာအလုပ်တွေအပြင်တက်နိုင်တဲ့ဘက်ကနေပရဟိတအလုပ်လေးတွေကိုကြိူးစားလုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပါတယ်။ဖျော်ဖြေပွဲလေးတွေတိုင်းမှာလည်းပရိသတ်တွေတောင်းဆိုမှုအရပွဲတိုင်းမပြတ်ဖျော်ဖြေပေးနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ချစ်စရာပုံရိပ်လေးတွေကလည်းကြည့်နေတဲ့ပရိသတ်တွေကိုကြည်နူးစေတာကြောင့်သူရဲ့လှုပ်ရှားမှုတိုင်းကပရိသတ်တွေချစ်နေရတာပါ။ 

အပျိုကြီးမမပိုပိုတစ်ယောက်ကတော့ သူမရဲ့ချစ်သူလေးကိုအလင်းပြလိုက်ပြီပဲ ဖြစ်ပါတယ်။ သူမတင်တဲ့ပို့စ်တိုင်းမှာ“ မောင်” ဆိုတဲ့နာမ်စားကိုထည့်လေ့ရှိပြီး ပရိသတ်များကစိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ ပိုပိုဟာ သူမရဲ့ Instagram မှာ “ သူ့ပုံမတင်ရင်စိတ်ကောက်မှာစိုးလို့ စတာစတာ love you & miss you so much” ဆိုပြီးတင်ထားတာပါ။ ပရိသတ်ကြီးလည်း ပိုပိုကိုကြည့်ပြီးအားကျနေကြပြီလား။

Source- Po Po Singer 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။