ကိုးရီးယားမလေးတစ်ယောက်လိုချစ်ဖို့ကောင်းပြီး ကယန်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ မော်ဒယ်လ်သရုပ်ဆောင် နော်ဖောအယ်ထားကိုသိကြမယ်ထင်ပါတယ်နော်...။ ဖြူစင်ဝင်းပတဲ့ အသားအရည်ရှိသူဖြစ်ပြီး သွယ်လျပြေပြစ်တဲ့ ခန္ဓာကိုယ်အချိုးအစားရှိသူတစ်ယောက်ဖြစ်ပါတယ်...။ စိတ်သဘောထားပြည့်ဝပြီး ပွင့်လင်းရိုးသားတဲ့အတွက်ကြောင့် သူမရဲ့ မျက်နှာလေးက အမြဲကြည်လင်သန့်ရှင်းနေတာကိုမြင်တွေ့ရမှာပါ...။ သူမဟာဆိုရင် ဆယ်ကျော်သက်အရွယ်ကလေးနဲ့ "Telenor Myanmar" နဲ့ "Sunkist Myanmar" တို့ရဲ့ Brand Ambassador အဖြစ်အောင်မြင်ကျော်ကြားသူလေး ဖြစ်ပါတယ်...။

နော်ဖောအယ်ထားဟာဆိုရင် ကြော်ငြာ၊မဂ္ဂဇင်းတွေလည်း အများအပြားလက်ခံရိုက်ကူးရလေ့ရှိပြီး၊ ရုပ်ရှင်ဇာတ်ကားတွေမှာပါ ပါဝင်သရုပ်ဆောင်လာပြီဖြစ်ပါတယ်...။ နော်ဖောအယ်ထားက လူငယ်တစ်ယောက်ဖြစ်တာမလို့ လွတ်လပ်ပေါ့ပါးစွာနေထိုင်တက်သူဖြစ်ပြီး သူငယ်ချင်းတွေနဲ့ဘဝကိုအေးချမ်းစွာ လျှောက်လှမ်းနေတာဖြစ်ပါတယ်...။ ပျော်ပျော်နေတက်သူဖြစ်တာမလို့ သူမရဲ့ အပြုံးပန်းတွေဟာ မြင်ရသူပရိသတ်အပေါင်းရဲ့ ရင်ထဲ၊ အသည်းထဲကို အေးချမ်းသာယာစေမှာဖြစ်ပါတယ်...။ မြန်မာ့ရိုးရာသနပ်ခါးလေးကိုလည်း အမြတ်တနိုးလိမ်းလေ့ရှိပြီး သြင်္ကန်အတွင်း နေလောင်သွားတဲ့ အသားအရည်အချို့ကို ပြန်လည် ထိန်းသိမ်းနေတဲ့ ပုံရိပ်လေးတွေဟာဆိုရင်လည်း အမျိုးသမီးပရိသတ်တို့အတွက် တစ်ကယ့်ကိုအတုယူစရာ ကျန်းမာရေးကိစ္စတစ်ရပ်လို့ ဆိုရင်မှားမယ်မထင်ပါဖူးနော်...။

နော်ဖောအယ်ထားက လူငယ်ပီပီ social media လောကမှာ ခေတ်အစားဆုံးနဲ့ လူကြိုက်အများဆုံးဖြစ်တဲ့ facebook နဲ့ Instagram ကွန်ယက်တို့ကိုသာ အဓိကထားအများဆုံးအသုံးပြုသူဖြစ်ပါတယ်...။ facebook စာမျက်နှာကို သာ၍သုံးတာကို ပရိသတ်တို့အနေနဲ့ လက်ခံကြရမှာပါ...။ အမြဲပြုံးနေတက်တဲ့သူမက သူမရဲ့ အကြည့်ပြုံးတွေနဲ့ ညှို့ယူဆွဲဆောင်လေ့ရှိပြီး အခုတစ်ခါမှာဆိုရင်တော့ အရင်နဲ့မတူဘဲ တည်တည်တံ့တံ့ ခပ်ချေချေ ဟန်အမူအရာလေးနဲ့ ဆွဲဆောင်မှုရှိရှိ လှနေပြန်ပါတယ်...။ ကဲ Myanmarload ပရိသတ်ကြီးရယ်...နော်လေးရဲ့ အလှအပတွေကို တစ်ဝကြီးရှုစားသွားကြပါဦး....။

Source Naw Phaw Eh Htar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။