အနုပညာလမ်းကြောင်းမှာ ဝါသနာပါရာကိုကြိုးစားလုပ်ရင်း ဖြေးဖြေးနဲ့မှန်မှန်လေးလျှောက်လှမ်းနေပြီးတော့ ပရိတ်သတ်တွေကြားမှာ ဒိတ်ဒိတ်ကြဲ နာမည်ကြီးမင်းသားလေးတစ်ယောက်ဖြစ်နေတဲ့ သရုပ်ဆောင်ဇေရဲထက်ဆိုတာ ပရိတ်သတ်တွေရဲ့အချစ်တော်လေးတစ်ယောက်ပါနော်။ အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲကိုကိုတစ်ယောက်လည်းဖြစ်သလို ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကိုခံထားရသူလေးတစ်ယောက်ပါနော်။

သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဗီဒီယိုဇာတ်ကားအများအပြားကို ရိုက်ကူးအောင်မြင်ခဲ့တဲ့မင်းသားတစ်ယောက်လည်းဖြစ်ပြီးတော့ လက်ရှိမှာလည်း ကြော်ငြာတွေ ဖျော်ဖြေရေးတွေနဲ့ မအားမလပ်ဖြစ်နေပါတယ်နော်။အချစ်အမုန်း အလွမ်းအကြမ်း ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်ပြီးတော့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်နဲ့တည်ကြည်တဲ့ မျက်နှာပိုင်ရှင်လည်းဖြစ်တဲ့အတွက် မိန်းကလေးပရိတ်သတ်တွေကို ရင်အခုန်မြန်စေခဲ့သူတစ်ယောက်ပါနော်။

အခုတစ်ခါမှာလည်း လုံးဝတည်ကြည်ခန့်ညားပြီး ယောက်ျားပီသတဲ့ အမိုက်စား style လေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို သိမ်းပိုက်ယူသွားခဲ့ပြန်ပါပြီနော်။ ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးနဲ့ အိုက်တင်ခပ်မိမိလေးတွေပေးကာရိုက်ထားတဲ့ ပုံရိပ်လေးတွေကို သူရဲ့ လူမှုစာမျက်နှာပေါ်မှာဖော်ပြထားတာကိုတွေ့ရပါတယ်နော်။ကဲ... ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေး ဇေရဲထက်ရဲ့အမိုက်စားပုံရိပ်လေတွေကို သူ့ရဲ့ ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Zay Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။