Jockey Club International Youth Invitational Football Tournament 2019 ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲဝင်မြန်မာယူ၁၅အသင်းဟာအဖွင့်ပွဲစဉ်အဖြစ်အစောပိုင်းကဟောင်ကောင်ယူ၁၈အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ဒီပွဲစဉ်အပြီးမှာတော့မြန်မာယူ၁၈အသင်းဟာအိမ်ရှင်ဟောင်ကောင်ယူ၁၈အသင်းကို(ဝ-၂)နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီပွဲရဲ့အဖွင့်ဂိုးတွေကိုတော့ပထမပိုင်မိနစ်၄၀နဲ့၄၅မိနစ်တွေမှာသွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့အိမ်ရှင်ဟောင်ကောင်အသင်းအပါအဝင်မြန်မာ၊စင်ကာပူ၊ဗီယက်နမ်နဲ့မလေးရှားအသင်းတို့ပါဝင်နေတာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာတော့အသင်းတိုင်းဟာယူ၁၈နဲ့ယူ၁၅ဆိုပြီးနှစ်သင်းပါဝင်ကစားကြတာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲမှာအောင်မြင်ဖို့အတွက်သြင်္ကန်တွင်းမှာလေ့ကျင့်ခန်းတွေကြိုးစားလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့နေ့လည်မှာလည်းမြန်မာယူ၁၅အသင်းဟာအိမ်ရှင်ဟောင်ကောင်ယူ၁၅အသင်းနဲ့ယှဉ်ပြိုင်ကစားရဦးမှာဖြစ်ပါတယ်။မြန်မာယူ၁၅အသင်းဟာလည်းသေချာလေ့ကျင့်မှုတွေနဲ့လုပ်ထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့တရုတ်ဖိတ်ခေါ်ဖလားပြိုင်ပွဲကိုလည်းဝင်ရောက်ယှဉ်ပြိုင်ထားပြီးဒီပြိုင်ပွဲမှာရောဘယ်လိုခြေစွမ်းတွေနဲ့အနိုင်ယူမလဲဆိုတာကတော့စောင့်မျှော်ရင်းအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။