ရုပ်ရှင်လောကမှာ အောင်မြင်တဲ့ မင်းသမီးတစ်လက်အဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို များစွာပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ မိုးယုစံက သရုပ်ဆောင်ပီပြင်ပိုင်နိုင်တဲ့ မင်းသမီးတစ်လက်အဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သူတစ်ဦးပါ။ လက်ရှိမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး အေးချမ်းပျော်ရွှင်စွာနဲ့ ဘဝကို ဖြတ်သန်းနေတဲ့ မိုးယုတို့ မိသားစုလေးရဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာပါ။

အိမ်ထောင်ကျပြီး တဲ့ နောက်ပိုင်းမှာ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသားလေး Austin လေးကို မွေးဖွားခဲ့ပြီး အနုပညာအလုပ်တွေနဲ့ ကင်းကွာနေခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ တစ်သားမွေးတစ်သွေးလှဆိုသလို ဘယ်ချိန်ကြည့်ကြည့်ပိုပိုပြီးလှလာတဲ့ မိုးယုက သားလေးအတွက် စံပြမိခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားရင်း သားလေးကလည်း အရမ်းကို ချစ်စရာကောင်းပြီး ပရိသတ်တွေရဲ့ အသည်းကျော်လေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

သင်္ကြန်တွင်းမှာ ပျော်ရွှင်စရာကောင်းတဲ့ အားလပ်ရက်အချိန်လေးတွေကို မိသားစုနဲ့ အတူဖြတ်သန်းရင်း စင်မြင့်ထက်မှာ ပရိသတ်တွေအတွက် သီချင်းတွေသီဆိုဖျော်ြဖေခဲ့တဲ့ မိုးယုရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေမြင်တွေ့ရမှာပါ။ ချစ်စရာကောင်းတဲ့ Austin လေးကလည်း မေမေနဲ့ အတူ မဏ္ဍပ်ပေါ်မှာ ရေပက်ခံရင်း လူတွေအများကြီးကိုလိုက်ငေးနေတဲ့ ပုံလေးကို အမိအရရိုက်ထားတဲ့ ချစ်စရာဗီဒီယိုလေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။

Source:Kaung Theinkha Moe Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။