ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦး၊ ကျော်ကျော်တို့ သူငယ်ချင်းသုံးယောက်ပေါင်းပြီး ဖွဲ့ထားတဲ့ "ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" gp ဟာဆိုရင် social media လောကမှာ ပရိသတ်အများအပြားရရှိထားတာဖြစ်ပါတယ်...။ အကျင့်တူ၊ ဝါသနာတူတွေဖြစ်ကြပြီး ပရိသတ်တွေ ရယ်မောရအောင် ဟာသဗီဒီယိုဖိုင်လေးတွေကိုလည်း တင်ဆက်ပြသပေးလေ့ရှိတာဖြစ်ပါတယ်...။ သုံးယောက်သားဟာ သရုပ်ဆောင်တွေဖြစ်ကြပြီး အနုပညာလောကမှာ နေရာကိုယ်စီပိုင်ဆိုင်ထားတာဖြစ်ပါတယ်...။ သူတို့သူငယ်ချင်းသုံးယောက်ဟာဆိုရင် သွားအတူ၊ လာအတူရှိပြီး အမြဲစနောက်တက်တဲ့ အနုပညာမောင်နှမတွေပဲဖြစ်ပါတယ်...။ သူတို့ ဗီဒီယိုလေးတွေကိုကြည့်လိုက်လျှင်လည်း ပရိသတ်တွေ ရင်ထဲတစ်ကယ်ကိုအေးချမ်းသွားမှာဖြစ်ပါတယ်နော်....။

စေတနာ၊ သဒါ္ဓတရားထက်သန်စွာ အများအကျိုးကိုသယ်ပိုးနေတဲ့ မင်းသား ဝေဠုကျော်ကိုသိကြမယ်ထင်ပါတယ်နော်...။ ပရဟိတလုပ်ငန်းတွေလည်း တည်ထောင်ထားပြီး၊ သာရေး၊ နာရေး ကိစ္စအဝဝကို ကိုယ်ကျိုးငဲ့ပြီး ကြိုးပမ်းဆောင်ရွက်ပေးနေတာဖြစ်တာမလို့ တတိုင်းပြည်လုံးရှိပရိသတ်တွေက ချစ်ခင်လေးစားအားပေးနေကြတာကိုမြင်တွေ့ရမှာပါ...။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ဆွတ်ခူးရရှိခဲ့တဲ့ အကယ်ဒမီဆုရှင် မင်းသမီး အေးမြတ်သူဟာဆိုရင်လည်း ရိုးသွားပွင့်လင်းသူဖြစ်ပြီး လူတိုင်းအပေါ်မခွဲခြား၊ မဆက်ဆံဘဲ ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံတက်တဲ့ အတွက်ကြောင့် ပရိသတ်တွေအားလုံးက အချစ်ပိုနေကြတာဖြစ်ပါတယ်...။ သဘာဝကျကျဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ရိုက်ကူးခဲ့တာကြောင့် အကယ်ဒမီဆုနဲ့ တစ်ကယ့်ကို ထိုက်တန်လှတဲ့ အမျိုးသမီးသရုပ်ဆောင်တစ်ဦးပင်ဖြစ်ပါတယ်...။

မနေ့က ကျော်ကျာ်၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းသုံးယောက်ဟာဆိုရင် Hot pot သွားစားကြတာဖြစ်ပြီး ဝေဠုကျော်၊ အေးမြတ်သူတို့နဲ့ တွေ့ဆုံကြတာဖြစ်ပါတယ်...။ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် နှုတ်ဆက်စကားပြောခဲ့ကြတာကို ပရိသတ်ကြီးအနေနဲ့ ဝမ်းသာကြည်နူးဖွယ်မြင်တွေ့ရမှာပါ...။ သူငယ်ချင်းသုံးယောက်ဟာဆိုရင် သူတို့ရဲ့ official facebook page တွင် ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လှုပ်ရှားမှုအမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း အဖွဲ့ကြနေပြီး အမှတ်တရဓာတ်ပုံတွေရိုက်ကူးခဲ့တာကို "သြင်္ကန်တုန်းကဝေးနေကြသူတွေ အခုတော့ပြန်ဆုံကြပါပီ" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှေဝေပေးလိုက်ပါတယ်နော်...။

Source N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။