ဟောင်ကောင်ဖိတ်ခေါ်ဖလားပြိုင်ပွဲဝင်နေတဲ့မြန်မာယူ၁၅အသင်းဟာဒီနေ့မှာတော့အဖွင့်ပွဲစဉ်အဖြစ်ဟောင်ကောင်ယူ၁၅အသင်းနဲ့ကစားခဲ့ပြီးပွဲကစားချိန်၄၁မိနစ်မှာတင်ပဲမိုးသည်းထန်စွာရွာလာတာကြောင့်ပွဲရပ်နားခဲ့ရပါတယ်။မြန်မာယူ၁၅အသင်းဟာပွဲရပ်နားခဲ့ပေမယ့်လည်း(၃-ဝ)နဲ့ဦးဆောင်ထားနိုင်တာဖြစ်ပါတယ်။

ပွဲခဏရပ်နားခဲ့ပြီးနာရီဝက်ခန့်စောင့်ကြည့်ခဲ့သော်လည်းမိုးကသည်းထန်စွာရွာလာတာကြောင့်ပွဲကစားဖို့အဆင်မပြေတော့ပဲပွဲချိန်ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ပွဲစဉ်ကို ဧပြီ ၂၀ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁း၀၀ နာရီတွင် ပြန်လည်ယှဉ်ပြိုင် ကစားရန်စီစဉ်ထားပြီး ပွဲရပ်ထားသည့် အချိန် ၄၁ မိနစ်မှ စတင်ကာ ၃-၀ ရလဒ်အတိုင်း၊ လူစာရင်းအတိုင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မြန်မာယူ၁၅အသင်းဟာဒီပြိုင်ပွဲမှာမလေးရှား၊စင်ကာပူ၊ဟောင်ကောင်စတဲ့ယူ၁၅မအသင်းတွေနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာယူ၁၅အသင်းဟာဒီပွဲမတိုင်ခင်တုန်းကလည်းတရုတ်ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။အဲ့ပြိုင်ပွဲတွေကအတွေ့အကြုံတွေကိုအသုံးချပြီးဒီပြိုင်ပွဲမှာအောင်မြင်မှုတွေယူနိုင်မလားဆိုတာကတော့စိတ်ဝင်စားဖွယ်စောင့်မျှော်အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။