သရုပ်ဆောင်ထွန်းထွန်းကိုတော့ မြန်မာနိုင်ရဲ့ထိပ်တန်းသရုပ်ဆောင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်တဲ့ ပရိသတ်အသည်းကျော်လေး ထွန်းထွန်းကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေ အသည်းစွဲချစ်ခဲ့ရသူလေးဖြစ်ပါတယ်။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေ နဲ့ ပရိသတ်တွေအချစ်တွေကိုလဲ ရရှိနေသူလေးပဲဖြစ်ပါတယ်။ 

ထွန်းထွန်းကတော့ ဂီတလောကထဲကို Example အဖွဲ့အဖြစ်နဲ့ စတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ယခုမှာတော့ ထွန်းထွန်းတစ်ယောက် အကယ်ဒမီဆုတစ်ခု ပိုင်ဆိုင်ခဲ့သည်အထိ အောင်အောင်မြင်မြင်လျှောက်လှမ်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သီချင်းခွေတွေလည်း ထွက်ရှိထားပြီး ပရိသတ်အားပေးမှုအပြည့်အဝရရှိထားသူတစ်ယောက်ပါပဲ။ 

ယနေ့မှာတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးထွန်းထွန်း တစ်ယောက် ချစ်စရာကောင်းတဲ့ အမြွာညီအစ်ကို နှစ်ယောက် သားလေး Frank & Tank အဆိုတော် ဝေလျံ တို့ မိသားစုနဲ့အတူ ထိုင်းနိုင်ငံကို အလည်အပတ်ရောက်နေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ထွန်းထွန်းရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

SOURCE: ထွန်းထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။