ပရိသတ်ကြီးရေ.. “ကျွန်မက မဟေသီ” ဇာတ်ကားထဲမှာ မင်းမျိုးနွယ်နဲ့ စံမြန်းအဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြသူတွေကတော့ အားလုံးရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားချော အောင်ရေချမ်းနဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်တို့ပဲ ဖြစ်ပါတယ်နော်..။

“ကျွန်မက မဟေသီ” ဇာတ်ကားလေးကလည်း ထုတ်လွှင့်ပြမှု ပြီးဆုံးသွားပြီမို့ အသည်းကျော်လေးဖြစ်ကြတဲ့ စံမြန်းနဲ့ မင်းမျိုးနွယ်တို့ စုံတွဲလေးကိုတော့ ပရိသတ်တွေ လွမ်းနေကြတော့မှာပါပဲနော်..။

ပရိသတ်တွေရဲ့ အချစ်တော် စံမြန်းလေးကတော့ ဇာတ်ကားထုတ်လွှင့်ပြမှု ပြီးစီးသွားပေမယ့် ပရိသတ်တွေကို မခွဲချင်သေးဘူးဆိုပြီးတော့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ စုံတွဲပုံလေးတွေနဲ့အတူ ရေးသားထားတာ တွေ့ရပါတယ်နော်..။

ဇာတ်ကားထဲမှာလည်း ရှေ့သွားနောက်လိုက်နဲ့ လိုက်ဖက်ညီလွန်းတာမို့ ပရိသတ်တွေကို သဘောကျအချစ်ပိုစေတဲ့ သူတို့စုံတွဲလေးကတော့ ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကို အမှတ်တရလေးအဖြစ် ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်နော်..။

“ပရိသတ်တွေနဲ့မခွဲချင်တော့ မောင့်ကိုပဲ အတိတ်ပြန်မေ့ခိုင်းရမလို..” ဆိုပြီးတော့လည်း စုံတွဲပုံလေးတွေနဲ့အတူ ပရိသတ်တွေအတွ့် အလွမ်းပြေလေး မျှဝေလိုက်တာပဲ ဖြစ်ပါတယ်နော်..။

အခုတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် မင်းမျိုးနွယ်နဲ့ စံမြန်းတို့ရဲ့ လိုက်ဖက်ညီပြီး ချစ်စရာကောင်းလွန်းတဲ့ စုံတွဲပုံရိပ်လေးတွေကိုလည်း ဝေမျှလိုက်တာမို့ အလွမ်းပြေကြလိမ့်မယ်လို့ ထင်ပါတယ်နော်..။

Photo - ဝင့်ယမုံနိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။