ဆီရီးယားအစိုးရနဲ့ အဆင်ပြေပြေဖြစ်နေခဲ့တဲ့ Idlib ဒေသမှာ ဓာတုလက်နှက်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူရ၀ ကျော်သေဆုံးခဲ့ကြောင်း သိရပါတယ်။

၄င်းဧရိယာဟာ လွန်ခဲ့တဲ့ ၆နှစ်ကတည်းက အစိုးရဆန့်ကျင်သူများနှင့်ဆီးရီးယား အစိုးရတို့တင်းမာမှု ဖြစ်ခဲ့တဲ့ဒေသ ဖြစ်ပြီး အဆိုပါဓါတုဗုံးမှာလေယာဉ်ပေါ်မှပစ်ချခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ရုရှားကနေ အဆိုပါဗုံးနဲ့ပတ်သတ်ပြီး ၄င်းဧရိယာဟာ ISIS အကြမ်းဖက် အဖွဲ့အစည်းကို ဓါတုလက်နက် နှင့် အခြားလက်နက်များ ထုတ်ပေးတဲ့ဒေသ ဖြစ်ပြီး ဓါတုလက်နက် မတော်တဆပေါက်ကွဲပြီး လူတွေ ထိခိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဒာပေမယ့် အမေရိကန်သမ္မတမှ အဆိုပါဓါတုလက်နက်ဟာ လေယာဉ်ပေါ်မှ တမင်ရည်ရွယ်ပြီး အပြစ်မဲ့ပြည်သူများပေါ် ပြစ်ချခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံ Idlib ဒေသဆေးရုံတွင် အပြစ်မဲ့ငယ်လေးများရုပ်အလောင်း များနှင့်သတိလစ် မေ့မြောနေသော ကလေးငယ်လေးများ၊ ဓါတု လက်နှက်သက်ရောက်မှုကြောင့် အသက်ကို ခက်ခဲ

စွာရှုရှိက်နေရတဲ့ပုံတွေကတော့ တစ်ကမ္ဘာလုံးက လူတွေကို အကူအညီတောင်းခံ အသိပေးလိုက်သလိုပါပဲဖြစ်ပါတယ်။

Source : MyMedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။