အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာရပ်တည်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် နိုုင်းနိုင်း ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေအများကြီး ရရှိထားသူပါ။

သူရပ်တည်ခဲ့တဲ့ သက်တမ်းတစ်လျှောက် အနုပညာအသိုင်းဝိုင်းမှာသာမက အပြင်လောက လူ့အဖွဲ့အစည်းမှာလည်း နာမည်ပျက်လုံးဝ မရှိခဲ့တဲ့ မင်းသားတစ်လက်အဖြစ်လည်း နာမည်ကြီးပါတယ်။

ဒါ့ပြင် အိမ်ထောင်ကျပြီးနောက်ပိုင်း နိုင်နိုင်းရဲ့ အိမ်ထောင်ရေး ၊မိသားစုရေးကလည်း ပရိသတ်တွေစိတ်ဝင်စားစရာ ၊ လေးစားအားကျစရာ ဖြစ်နေခဲ့ပါတယ်။

(၂၀၀၈)ခုနှစ်ကထဲက လက်ထပ်ခဲ့ပြီး နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ နိုင်နိုင်း နဲ့ စန္ဒီချိုတို့ဟာ အခုဆိုရင် သားသမီးလေးဦးတောင် ထွန်းကားနေပါပြီ။

ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ လျို ဝှက်ချက်က ဘာများပါလဲလို့ သိချင်ကြမှာပါပဲ။

နိုင်နိုင်း နဲ့ သူ့ရဲ့ ဇနီး စန္ဒီချိုတို့ ဟာ တစ်ယောက်တစ်နိုင်ငံစီ အနေဝေးနေပေမယ့်လည်း တစ်ယောက်ကိုတစ်ယောက်၊ ယုံကြည်မှုရှိတယ်ဆိုတဲ့ အကြောင်း Myanmar Celebrity အင်တာဗျူးုမှာ ဖြေခဲ့ဖူးပါတယ်။

နိုင်နိုင်းအပေါ်မှာတော့ အိမ်ထောင်ရေးဖောက်ပြန်မှာလားဆိုပြီး စိုးရိမ်ပူပန်မှုမရှိဘူးလို့ စန္ဒီချိုက ဆိုပါတယ်။

လက်ရှိမှာတော့ သားသမီး(၄)ယောက်နဲ့ မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ နိုင်နိုင်းတို့ ဇနီးမောင်နှံဟာ နောက်ထပ် ကလေးယူဖို့့ အစီအစဉ်မရှိတော့ဘူးလို့ သိရပါတယ်။

ကလေးလေးတွေကလည်း အရမ်းကို ချစ်ဖို့ကောင်းပါတယ်။

အိမ်ထောင်ရေးတစ်ခုမှာ အပြန်အလှန်လေးစားမှု ၊နားလည်မှု ၊ယုံကြည်မှုတွေသာ ခိုင်မြဲနေရင် ဘယ်တော့မှ ပြိုကွဲစရာအကြောင်းမရှိနိုင်တာ အတုယူစရာပါပဲ။ 

သတင်းအရင်းမြစ် Sandi Cho FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။