ရဲလေးနဲ့ Myanmar Idol Season 1 ပြိုင်ပွဲဝင် နင်ဇီမေတို့တွဲနေကြတယ်ဆိုတဲ့ကောလဟာလသတင်း

ထွက်ခဲ့ပြီးနောက်မှာ ရဲလေးတစ်ယောက်နောက်အိမ်ထောင်ပြုတော့မလားရယ်လို့ တွေးထင်သူတွေလဲများပြားလာခဲ့ပါတယ် ။

ထိုကောလဟာလနဲ့ပါတ်သတ်ပြီး အနုပညာလောကထဲစဝင်ထဲက ကောလဟာလမျိုးစုံနဲ့ကြုံခဲ့ရလို့ မထူးဆန်းတော့ပါဘူးတဲ့ ။

ကောလဟာလသတင်းထွက်လေ နာမည်ပိုကြီးလေမို့ နောက်ထပ်ကောလဟာလသတင်းအသစ်လေးတွေ ထပ်ဖန်တီးပေးဖို့တောင်းဆိုပါတယ်လို့တောင်

ပြောသွားပါတယ် ။ နင်ဇီမေနဲ့လဲ လုပ်ဖော်ကိုင်ဖက်များသာဖြစ်ပြီး နောက်အိမ်ထောင်ပြုဖို့မစဉ်းစားချင်သေးပါဘူးတဲ့ ။

တစ်ယောက်ထဲပျော်ပျော်ရွှင်ရွှင်နေသွားဦးမှာပါလို့ဆိုပါတယ် ။ ရဲလေးရဲ့ ပရိတ်သတ်တွေ စိတ်ချထားလိုက်တော့နော် ...

Source : The Voice 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။