မြန်မာစပါးကြီးမြွေလို့ နိုင်ငံတကာမှာ ကျော်ကြားပြီး မြန်မာလက်ဝှေ့ပရိသတ်တွေ သဘောကျခဲ့တဲ့ အောင်လအန်ဆန်းက ခရစ်ယာန်ဘာသာဝင်တစ်ယောက ်ဖြစ်တယ်ဆိုတာ လူအများသိပြီးသားပါ။ ကချင်လူမျိုး OneChampionship(MMA)

ကစားသမားဖြစ်တဲ့ အောင်လအင်ဆန်းက တောင်ဥက္ကလာပမြို့နယ် ရှိ မြင်သာမြို့ဦး လူငယ်ဖွံ့ဖြိုးရေးစင်တာ(မိဘမဲ့ဂေဟာ)သို့ သွားရောက်၍ ကလေးသူငယ်များနှင့်တွေ့ဆုံခြင်း၊ဗုဒ္ဓဘာသာဝင်တို့၏ဓလေ့ထုံးစံအတိုင်း ရေစက်ချခြင်း ၊ သံဃတော်များအားဆွမ်းလောင်းခြင်း ပြုလုပ်နေသော ဓါတ်ပုံများ သတင်းများ Facebook စာမျက်နှာပေါ်တွင် ထွက်ပေါ်လာပြီးနောက် ကချင်လူမျိုးများအကြားတွင် ဝေဖန်မှူများခံခဲ့ရပါတယ်။ 

ဝေဖန်မှုတွေကို အောင်လအန်ဆန်းကနေ သူ့ရဲ့ Facebook အကောင့်မှာ ပြန်လည်ရေးသား တောင်းပန်ခဲ့ပါတယ်။

" ချစ်ခင်လေးစားရပါသော ကချင်လူမျိုးအားလုံးကို ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျ။ One FC အစီအစဉ်အနေနဲ့ မိဘမဲ့ကလေးများအား ထမင်းကျွေးအလှူအတန်း ပြုလုပ်တဲ့ပွဲမှာ ကျွန်တော့ကိုဖိတ်ခေါ်ခဲ့တဲ့အတွက် တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ဘုန်းကြီးကျောင်းမှာလုပ်တဲ့ပွဲလေးပါ။ကျွန်တော်တို့ကချင်လူမျိုး၊ခရစ်ယာန်တွေဟာ ဘယ်လူမျိုး၊ဘယ်ဘာသာကိုမဆို မမုန်းကြောင်း၊ လေးစားကြောင်းကို  ဖော်ပြချင်လို့ယခုပွဲတက်ရောက်ခြင်းဖြစ်ပါတယ်။

ကျွန်တော်က ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့အတွက် ဘုန်းကြီးတွေကိုတော့ မကန်တော့ခဲ့ပါဘူး။ ဒါပေမယ့် အဓိပ္ပါယ်မသိပေမယ့် ရေစက်ချခြင်းကိုတော့ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်ကတည်းက ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး တစ်ခါမှအတွေ့အကြုံမရှိခဲ့ပါဘူး။ဒီဖြစ်ရပ်ကြောင့် ကျွန်တော်ချစ်တဲ့ကချင်လူမျိုးများအားလုံးကို စိတ်မကောင်းဖြစ်သွားစေတဲ့ အတွက် အနူးအညွတ်တောင်းပန်ပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့အရာတွေအတွက် လည်းဘုရားသခင်ဆီမှာဝန်ချတောင်းပန်ပါမယ်။ အားလုံးမှ အခုလို အကြုံပေး ၊ ဆုံးမ ၊ သတိပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ကြောင်း ထပ်မံပြောကြားလိုပါတယ်။ မကြာခင်ပြုလုပ်တော့မယ် One Championship ပွဲမှာလည်း အားလုံး အားပေး ၊ ဆုတောင်းပေးပါအုံး။ကျွန်တော့သွေးကို ဖေါက်ထုတ် လိုက်ရင် ကချင်သွေး ဘဲထွက်လာမှာပါလို့ပြောရင်း ဒီဖြစ်ရပ်ကို မေ့လိုက်ပြီး ရှေ့ဆက်လျှောက်လှမ်းရအောင် " လို့ တောင်းပန်ပြောကြားခဲ့ပါတယ်။

အောင်လအင်ဆန် သည် အောက်တိုဘာလ (၇)ရက်နေ့တွင် ပိုလန်နိုင်ငံသား pasternak နှင့် ရန်ကုန်မြို့ရှိ ၊ သုဝဏ္ဏကွင်း တွင် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဟုသိရသည်။အောင်လအင်ဆန် သည် အောက်တိုဘာလ (၇)ရက်နေ့တွင် ပိုလန်နိုင်ငံသား pasternak နှင့် ရန်ကုန်မြို့ရှိ ၊ သုဝဏ္ဏကွင်း တွင် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဟုသိရသည်။

Source : aung la nsang facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။