နှစ်စဉ် မြန်မာ့နှစ်သစ်ကူးတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ပြည်တွင်းအကျဉ်းထောင်တွေရဲ့ နှစ်စဉ်ပြုလုပ်မှုကို ပရိသတ်တွေလည်း သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ် အားဖြင့်လည်းကောင်း ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသားအကျဉ်းသူ(၆၉၄၈)ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရစည်းကမ်းသတ်မှတ်ချက်မထားဘဲ နိုင်ငံတော်သမ္မတကြီးကဧပြီလ(၂၆)ရက်တွင်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ နိုင်ငံတော်သမ္မတကြီး၏ဧပြီလ(၂၆)ရက်ကလွတ်ငြိမ်းချမ်းသာခွင့်ပေးလွှတ်လိုက်သည့်အကျဉ်းသားအကျဉ်းသူများထဲတွင်မုံရွာအကျဉ်းထောင်မှ(၁၆၄)ဦးပါဝင်ခဲ့ပြီး ဒီကနေ့လည်(၁၁)နာရီတွင်မုံရွာအကျဉ်းထောင်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်းသိရပါတယ်။ " မုံရွာအကျဉ်းထောင်ကဒီကနေ့ဧပြီ(၂၆)ရက်နေ့မှာ အကျဉ်းသား(၁၄၇)ဦးနဲ့အကျဉ်းသူ(၁၇)ဦးစုစုပေါင်း(၁၆၄)ဦးလွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တာပါ။မူးယစ်၁၅/၁၆အမှုနဲ့ကျတဲ့သူတွေချည်းပါ။ စစ်ကိုင်းတိုင်းထဲမှာ(က)အဆင့်ထောင်က(၄)ခုရှိတယ်။မုံရွာထောင် ရွှေဘိုထောင် ကလေးထောင်နဲ့ကသာထောင်တို့ဖြစ်တယ်" ဟုစစ်ကိုင်းတိုင်းဒေသကြီးအကျဉ်းဦးစီးဌာနမှူးဦးမျိုးဦးထံမှသိရပါတယ်။  

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးထောင်မှ (၄၁၂)ဦး ကသာထောင်မှ(၁၀၄)ဦး ရွှေဘိုထောင်မှ(၅၁၅)ဦး မုံရွာထောင်မှ(၁၆၄)ဦး ခန္တီးထောင်မှ(၂၅၇)ဦးမြို့သစ်စခန်းမှ(၁၂၈)ဦး သနန်စခန်းမှ(၁၃၈)ဦး ဗန္ဓုလစခန်းမှ(၁၃၀)ဦး အုတ်ဖိုစခန်းမှ(၁၀၇)ဦး ရာဇြင်္ဂိုဟ်(၁)စခန်းမှ(၁၃၄)ဦးနှင့် ရာဇဂြိ ၤုဟ်(၂)စခန်းမှ(၁၂၆)ဦးစုစုပေါင်း(၂၂၁၅)ဦးကိုလွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်းသိရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ကြည်နူးပျော်ရွှင်နေကြတဲ့ မိသားစုဘဝပုံရိပ်တွေနဲ့အတူ ချစ်ပရိသတ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photos - မုံရွာသား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။