မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်း မီးလောင်မှုသတင်းတွေကိုတတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မီးဘေးဒုက္ခကြောင့် သေဆုံးသူများစွာနှင့်အတူ ဘဝပျက်ခဲ့ရသူတွေလည်းများစွာဖြစ်ပေါ်ခဲ့တာအားလုံးအသိပဲဖြစ်မှာပါ။ ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့အစောပိုင်းမှာလည်း ဆိုးရွားတဲ့မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။     

အဆိုပါ မီးလောင်မှုကတော့ ဒီကနေ့ ဧပြီလ ၂၉ရက်နေ့ နံနက်ပိုင်းက ပင်လည်ဘူးမြို့နယ် တိုက်မွန်းအုပ်စု ကွန်းတောင်းကျေးရွာ တွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မီးလောင်မှုကြောင့် နေအိမ်ပေါ်ရှိ အိမ်ရှင်အမျိုးသမီး ဒေါ်မြရင်နှင့် သမီးဖြစ်သူ မဇင်မာဝင်းအသက် ၂၇နှစ်အရွယ်ရှိ အမျိုးသမီးနှစ်ဦးတို့ မီးလောင်သေဆုံးခဲ့ကြောင်း သိရပါတယ်။  

ဆိုးဆိုးရွားရွားလောင်ကျွမ်းခဲ့တဲ့မီးလောင်မှုကြီးကြောင့် နေအိမ်တစ်လုံးအစအနပျောက်အောင် ကုန်ဆုံးသွားရတဲ့အပြင် နေအိမ်အတွင်းပိတ်မိခဲ့တဲ့ အမျိုးသမီးနှစ်ဦးရဲ့ အသက်ပါဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ ဒီကနေ့ နံနက်အစောပိုင်းကဖြစ်ပွားခဲ့တဲ့အဆိုပါ မီးလောင်မှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှေဝေပေးလိုက်ပါတယ်။

pHOTOS - AR KAR HTET

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။