ပြည်တွင်းမှာ မကြာခဏဆိုသလို ဖြစ်ပျက်လျှက်ရှိတဲ့ စိတ်မကောင်းစရာအဖြစ်အပျက်တွေကို ပရိသတ်တွေလည်း ကြားဖူး၊ မြင်ဖူးကြမယ်ထင်ပါတယ်။ အဆိုပါ အဖြစ်အပျက်တွေထဲမှာ သက်ကြီးရွယ်အို အဘိုးအဘွားများရဲ့ ဘေးဒုက္ခဆိုးကြီးတွေကတော့ အဖြစ်များလျှက်ရှိတာတွေ့ရပါတယ်။ အသက်ကြီးအရွယ်အဘိုးအဘွားများရဲ့ ကူညီမဲ့ဖြစ်ရပ်တွေကြောင့် လမ်းမပေါ်နှင့် လူသူရှင်းဒေသတွေများစွာစွန့်ပစ်ခံရမှုတွေရှိနေတာပဲဖြစ်ပါတယ်။   

ဒီကနေ့ ဧပြီလ ၃၀ရက်နေ့မှာလည်း အသက် ၄၀အရွယ်ရှိ အမျိုါ်သားတစ်ဦးရဲ့ ရုပ်အလောင်းကို မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းအတွင်း ဇုံ (၄) လယ်ကွက်အတွင်းမှာတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသားကတော့ ပိုင်ရှင်မဲ့ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ပြီး ကုလားလူမျိုးဖြစ်ကြောင်း ထောက်ကြံ့မြို့ရဲစခန်းမှ သိရပါတယ်။  

အဆိုပါ ရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ အခင်းဖြစ်ပွားရာနေရာသို့ စစ်ဆေးမှုပြုလုပ်ရန် အင်းစိန်ဆေးရုံသို့ လာရောက်သယ်ဆောင်သွားကြကြောင်း သိရပါတယ်။ ဒီကနေ့ တွေ့ရှိခဲ့တဲ့ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Htin Linn AUng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။