ပြည်တွင်းပရိသတ်များစွာရဲ့ ကျေးဇူးရှင်တစ်ဦးအဖြစ်ယနေ့အထိထင်ကျန်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအထောက်အထားတွေကို ပြည်သူအချို့ကတန်ဖိုးထားကာ သိမ်းစည်းပြင်ဆင်မှုတွေလုပ်ဆောင်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသုံးအဆောင်ပစ္စည်းတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့တဲ့ Wolseley RC 2874 ကားကို ၂၄၅ ရက်ကြာအချိန်ယူ၍အသေးစိတ်ပြုပြင်မွမ်းမံပြီးစီးသွားပြီဖြစ်ကြောင်း Htoo Auto Service မှရေးသားထားကိုတွေ့ရပါတယ်။ ဖခင်ဖြစ်သူစီနင်းခဲ့သည့်ကားကို သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြန်လည်မွမ်းမံပြီးစီးချင်သည့်အတွက် Htoo Auto Service ကအသေးစိတ်ပြုပြင်မွမ်းမံပြီး ပြန်လည်အသက်သွင်းလိုက်ခြင်းဟုလည်း သိရပါတယ်။   

ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သော Wolseley RC - 2874 ကားအား နဂိုမူလ လက်ရာမပျက် ပြန်လည်ပြုပြင်မှုပြီးစီးသွားပြီဖြစ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသော ရန်ကုန်မြို့၊နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ပြန်လည်ပြီးလွဲပြောင်းပေးအပ်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ Wolseley ဆိုတဲ့ British ကားထုတ်လုပ်ရေးကို ၁၉၀၁ ခုနှစ်မှာ Vickers နဲ့ Herbert Austin တို့ ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၂၁ မှာ Britain ရဲ့အကြီးဆုံးသောကားထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့တဲ့ Wolseley RC - 2874 ကားလေးကတာ့Wolseley 18/85 ဖြစ်ပြီး ၁၉၃၈ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အတွင်းမှာထုတ်လုပ်ခဲ့တဲ့အမျိုးအစားဖြစ်ပါတယ်။ 

အဆိုပါ Wolseley ကားဟာတံခါး ၄ ချပ်ပါ saloon ကားဖြစ်သလို 2322 cc displacement နဲ့ straight-6 ဆလင်ဒါ ၆ လုံးထိုး အင်ဂျင်ဖြစ်ပြီး Wheelbase 2654 mm Length 4369 mm Width 1702 mm Height 1676 mm Weight 1422 kg ရှိပြီး UK မှာ ထုတ်လုပ်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ကွယ်လွန်ခဲ့တာဟာ ၁၉၄၇ ခုနှစ်ဖြစ်လို့ စစ်ပြီးခေတ် model Wolseley ကားလေးဟာ (1945/46/47) တစ်နှစ်နှစ် ဖြစ်မှာဖြစ်ပြီး RC - 2874 နံပါတ်ကိုတော့ Wolseley World ဆိုတဲ့ဂျာနယ်ကြီးကနေ RG (Rangoon)registration number 2874 ဆိုပြီး ကမ္ဘာအနှံ့က Wolseley ကားတွေကိုမှတ်တမ်းတင်ရာမှာ ဖော်ပြထားတယ်လို့လည်း ဆိုပါတယ်။

Photos - Htoo Auto Service

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။