ပြည်တွင်းလွတ်ငြိမ်းချမ်းသာခွင့်ပေးမှုနဲ့ပတ်သက်ပြီး မကြာခဏဆိုသလို ဆူပူမှုတွေဖြစ်ပေါ်လျှက်ရှိပြီး အကျဉ်းထောင်ပြဿအချို့ရှိခဲ့တာတွေ့ရပါတယ်။ အဆိုပါ အကျဉ်းထောင်အတွင်းဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမော်လိုက်အကျဉ်းထောင်လည်းပါဝင်ခဲ့တာတွေ့ရပါတယ်။ ဆူပူမှုမှာ မေလ ၈ ရက်နေ့ ဒီကနေ့နံနက်ပိုင်းမှာ စတင်ကာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထောင်တစ်ခုလုံးရှိ အကျဉ်းသား အကုန်နီးပါး ပါဝင်ကြောင်း သိရပါတယ်။  

ဖြစ်စဉ်နဲ့ပတ်သက်ပြီး " လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေးနဲ့ ထောင်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို အဓိက တောင်းဆိုတာဖြစ်ပြီး။ တစ်ထောင်လုံး တောင်းဆိုနေတာ" ဖြစ်တယ်လို့ ကနဦးသတင်းများအရ သိရပါတယ်။ နယ်သာလန်ကောင်စစ်ဝန်က သူ့နိုင်ငံ အကျဉ်းသားကို လာတွေ့တယ်။ သူတို့လာတွေ့ပြီး ၉ နာရီခွဲလောက်မှာ အကျဉ်းသားတွေက လွတ်ငြိမ်းချမ်းသာခွင့် စတောင်းတာပါ" ဟု ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီက ပြောကြားခဲ့ပါတယ်။  

လက်ရှိတွင် ခရိုင်အာဏာပိုင်များ။ ထောင်တာဝန်ရှိသူများနှင့် အကျဉ်းသားများ တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရပါတယ်။ ကလေးမြို့ရှိ ကလေးမော်လိုက် အကျဉ်းထောင်တွင် အကျဉ်းသား ၂၀၃၁ ဦး ရှိကြောင်း သိရပါတယ်။

Photos - Eleven Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။