YBS ယာဉ်လိုင်းအမှတ်(၂၉) ယာဉ်တိုက်မှုကြောင့် သတင်းတင်ဆက်သူတစ်ဦးကွယ်လွန်သွားကြောင်းသိရှိရပါတယ် ။

ဖြစ်စဉ်မှာ ဧပြီလ ၉ ရက် ညပိုင်း ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားမုခ်ဦးရှေ့တွင် MRTV-4 မှ အားကစားအစီစဉ် တင်ဆက်သူတစ်ဦးဖြစ်သော ကိုအောင်တင့်လွင်သည် လမ်းဖြတ်ကူးရာ YBS ယာဉ်လိုင်းအမှတ်(၂၉) က ဝင်ရောက်တိုက်မှုကြောင့် ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်လူနာအဖြစ်တင်ပို့ခဲ့သော်လည်း

အရေးပေါ်လူနာဆောင်တွင် ကုသမှုခံယူနေစဉ် ဧပြီလ (၁၀)ရက်နေ့ နံနက် ၅ နာရီခွဲအချိန်မှာ

ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါတယ် ။ ကွယ်လွန်ချိန်မှာ ကိုအောင်တင့်လွင်၏ အသက် (၂၅)နှစ်သာ ရှိသေးပြီး မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းများက

မြန်ဆန်စွာခွဲခွာသွားမှုအပေါ် မယုံနိုင်လောက်အောင်ဖြစ်နေရကာ စိတ်မကောင်းကြီးစွာဖြစ်နေရတယ်လို့ဆိုပါတယ် ။

ကိုအောင်တင့်လွင်တစ်ယောက် ကာင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ် ။

Source : Popolay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။