ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ အလယ်အမေရိကနိုင်ငံရဲ့ ဂွါတီမာလာစီးတီး မြို့နားမှာ ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

၎င်းပစ်ခတ်မှုတွေကတော့ ပါဗွန်ထောင်မှာ ဖြစ်ပေါ်ခဲ့တာဖြစ်သလို ၎င်းထောင်မှာ ဖမ်းဆီးထိန်းချုပ်ထားတဲ့ ထောင်သား ၁၄၀၀ ကျော်လောက်ရှိတယ်လို့သိရပါတယ်။

ပစ်ခတ်မှုကတော့ ထောင်သားအချင်းချင်း အော်ဟစ်ငြင်းခုန်နေချိန် ထောင်တဲ့ ထောင့်တစ်နေရာကနေ သေနတ်သံထွက်ပေါ်လာရာကနေ စတင်ခဲ့တာပဲဖြစ်ပါတယ်။

တာဝန်ရှိသူတွေအနေနဲ့လည်း မနေ့ကအထိဆိုရင်လည်း ၎င်းသေနတ်ပစ်ခတ်မှုနဲ့ ပတ်သတ်တဲ့ သတင်းအချက်လက်တွေကို ရှာဖွေစုဆောင်းနေတယ်လို့သိရပါတယ်။

၎င်းပစ်ခတ်မှုကြောင့်ဆိုရင်လည်း ပါဗွန်ထောင်အတွင်းမှာ လူ ၇ ဦးလောက် သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ် လူ ၁၇ ဦးလောက်လည်း ဒဏ်ရာတွေ ကိုယ်စီ ရရှိခဲ့တယ်လို့ သိရပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။