ပြည်တွင်းမှာ မကြာခဏကြားနေရတဲ့ ဆန္ဒပြပွဲတွေထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကလည်း ထိပ်ဆုံးကပါဝင်နေတာတွေ့ရပါတယ်။ တိုင်းဒေသကြီးအနှံ့အပြားမှာ မကြာခဏ တွေ့ရတက်ပြီး လူထုတွေ့ဆုံမှုပွဲတွေမှာလည်း ပြောဆိုမှုတွေရှိခဲ့တာတွေ့ရပါတယ်။ အဆိုပါ တိုင်းဒေသကြီးတွေထဲမှာ ရှမ်းပြည်မြောက်ပိုင်း ဒေသအချို့လည်း ပါဝင်နေတာတွေ့ရပါတယ်။

၂၀ဝ၈ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထုထောက်ခံပွဲကို ရှမ်းပြည်နယ်မြောက်၊ လားရှိုးမြို့မှာ မေလ ၁၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လူထုထောက်ခံပွဲကို လားရှိုးမြို့နယ်အတွင်းက ပြည်သူလူထုတွေဖြစ်တဲ့ ရှမ်း၊ ပလောင်၊ ကိုးကန့်၊ လီဆူ၊ လားဟူ၊ ကချင် စတဲ့ ဌာနေတိုင်းရင်းသားတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

တိုင်းရင်းသားများစွာတက်ရောက်ခဲ့ပြီး စည်စည်ကားကားကျင်းပခဲ့တာကြောင့် ပရိသတ်များစွာကြားရေပန်းစားခဲ့တာတွေ့ရပါတယ်။ မေလ ၁၁ရက်နေ့ ဒီကနေ့ မနက်က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀ဝ၈ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထုထောက်ခံပွဲပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

Photis - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။