ဒီနေ့မေလ (၁၂) ရက်နေ့လေးကတော့ ပြည်သူချစ် သရုပ်ဆောင် မင်းသားလေး ဟိန်းဝေယံရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ ဟိန်းဝေယံက အနုပညာလောကမှာ နေရာတစ်နေရာရပြီး အောင်မြင်မှုတွေ ပိုင်ဆိုင်နေရသူ ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးမှာတော့ ပျိုတိုင်းကြိုက်တဲ့ မင်းသားလေး ဟိန်းဝေယံက အသက် (၃၀) နှစ်တိတိပြည့်သွားပြီပဲ ဖြစ်ပါတယ် ။

နှစ်စဉ်နှစ်တိုင်း မွေးနေ့မှာ အလှူအတန်းပြုလေ့ရှိတဲ့ ဟိန်းဝေယံက ဒီနှစ်မွေးနေ့မှာလည်း မွန်မြတ်တဲ့ အာဟာရဒါနအလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဟိန်းဝေယံက ဒီနေ့မနက်စောစောမှာ We Love တွေနဲ့အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အာဟာရဒါန သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ လူနာနဲ့လူနာစောင့် စုစုပေါင်း လူအယောက် (၁၂၀၀) စာအတွက် အပြည့်အဝ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

ယနေ့မနက် (၈) နာရီမှာ သွားရောက်လှူဒါန်းခဲ့တဲ့ ဟိန်းဝေယံရဲ့မွေးနေ့အလှူပွဲလေးကတော့ အရမ်းကိုစည်ကားသိုက်မြိုက်ခဲ့တာ ဖြစ်ပါတယ်။ မုန့်နဲ့အအေးတွေ ကိုယ်တိုင်လှူဒါန်းနေတဲ့ ဟိန်းဝေယံတစ်ယောက် အဖြူရောင်ဝတ်စုံလေးနဲ့ ချောမောခန့်ညားနေတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော ဟိန်းဝေယံရဲ့ အသက်(၃၀) နှစ်ပြည့် မွေးနေ့အလှူပွဲက ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Hein Wai Yan;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။