ပရိသတ်ကြီးသိတဲ့အတိုင်း Ed Sheeran နဲ့ Justin Bieber တို့နှစ်ယောက်ပေါင်းပြီး သိပ်မကြာသေးခင်ကမှ I Don't Care ဆိုတဲာသီချင်းကိုထွက်ရှိထားတာဖြစ်ပါတယ်။ အဲ့သီချင်းဟာဆိုရင်လဲ သူတို့နှစ်ယောက်အတွက် တတိယမြောက်ပေါင်းစပ်ထားတဲ့သီချင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ခုချိန်မှာတော့ ပရိသတ်တွေဟာ ခုထွက်ရှိထားတဲ့ သီချင်းရဲ့ Chrous ဟာ Cheryl ရဲ့သီချင်းနဲ့ တူတယ်လို့ဝေဖန်ပြောဆိုနေကြပါတယ်။ 

Cheryl ရဲ့သီချင်းခေါင်းစဉ်နာမည်ဟာဆိုရင်လဲ I don't care ပဲဖြစ်ကာ ၂၀၁၄ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေလဲ တစ်ယောက်ထဲ ဝေဖန်ပြောဆိုတာမဟုတ်ပဲ များစွာသောလူတွေက ဝေဖန်ပြောဆိုနေကြခြင်းဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ သီချင်းစားသာတူမတူကို ကိုယ်တိုင်နားဆင်းကြည့်စေချင်ပါတယ်။ သူတို့တွေ သီချင်းကု်ိတော့ မကူးလောက်ဘူးလို့ ထင်မိပါတယ်။ 

လူတစ်ယောက်ဟာဆိုရင် " Ed Sheeran တစ်ယောက်က ဘာလဲဟ.....Chrous ကြီးက Cheryl ရဲ့ I Don't Care သီချင်းကို ကူးထားတယ်ဟ...." ဆိုပြီးရေးခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ " Ed Sheeran နဲ့ Justin Bieber သီချင်း Chorusကို ငါဆိုမိတိုင်း Cheryl ရဲ့သီချင်း Chrous ကိုရောက်ရောက်သွားမိတယ် " ဆိုပြီးရေးခဲ့ပါတယ်။ တခြားသောသူတွေကလဲ အမျိုးမျိးရေးခဲ့ကြတာမု့ိ ပရိသတ်ကြီးရော ဘယ်လိုထင်လဲဗျ......။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။