ရွှေကစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချော ဝတ်မှုံရွှေရည်ကတော့ ပြည်သူပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူပါပဲ..။

ချစ်စရာကောင်းတဲ့ အသည်းယားစရယ ဟန်ပန်လေးတွေနဲ့လည်း ပရိသတ်တွေကို အမြဲ အချစ်ပိုစေသလို သရုပ်ဆောင်ပိုင်နိုင်မှုတွေကလည်း တကယ်ကို ဒိတ်ဒိတ်ကြဲပါပဲ..။

ပရိသတ်တွေရဲ့ အသည်းကျော်လေး ရွှေကစ်ကတော့ လတ်တလောမှာ ငပလီကမ်းခြေကို သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေရောက်ရှိနေတာ တွေ့ရပါတယ်နော်..။

ငပလီကမ်းခြေကို ပြီးခဧ့တဲ့ ရက်ပိုင်းကတည်းက ရောက်ရှိနေတာ ဖြစ်ပြီး ကမ်းခြေမှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ အပန်းဖြေဆော့ကစားနေတဲ့ ပုံရိပ်လေးတွေကို မျှဝေထားပါသေးတယ်..။

ချစ်စရာကောင်းလွန်းတဲ့ ရွှေကစ်လေးကတော့ ကမ်းခြေမှာ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေရင်း ကလေးလေးတစ်ယောက်လို အပျော်ကြီး ပုံနေပုံလေးလည်း ပရိသတ်တွေကို အပျော်လေးတွေ ကူးစက်စေမှာပါနော်..။

ရွှေကစ်လေးတစ်ယောက် သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် စိတ်လွတ်လက်လွတ်နဲ့ ပျော်ပျော်ပါးပါး အပန်းဖြေနေတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အလွမ်းပြေလေး မျှဝေပေးလိုက်တာမို့ သဘောကျနေကြမှာပါနော်..။

Photo - Thu Rayn Kyaw Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။