အင်္ဂလန်ပရီးမီးယားလိဒ်ရဲ့နောက်ဆုံးပွဲစဉ်တွေကိုတော့မနေ့ကည၈ခွဲကယှဉ်ပြိုင်ကစားသွားခဲ့ကြပြီးမန်စီးတီးအသင်းဟာဘရိုက်တန်အသင်းကိုဂိုးပြတ်အနိုင်ယူပြီးချန်ပီယံဖြစ်သွားခဲ့ပါတယ်။မန်စီးတီးအတွက်ကတော့သမိုင်းတစ်လျောက်၂နှစ်ဆက်တိုက်ချန်ပီယံကိုရရှိခဲ့တာဖြစ်ပါတယ်။မန်စီးတီးအသင်းဟာပါပူးအသင်းနဲ့တစ်မှတ်သာကွာဟတာကြောင့်အနိုင်ကန်ပြီးချန်ပီယံဆုကိုဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ဘရိုက်တန်အသင်းကိုဦးဆောင်ဂိုးပေးခဲ့ရပေမယ့်နောက်ကနေလိုက်ကစားကာဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။လူငယ်တွေနဲ့ပြောင်းလဲမှုတွေအများအပြားလုပ်ထားတာကြောင့်ခုလိုအောင်မြင်မှုတွေကိုဆွတ်ခူးနိုင်တာဖြစ်ပါတယ်။နည်းပြဂွါဒီရိုလာကတော့မန်စီးတီးကိုကိုင်တွယ်တဲ့ရာသီကစပြီး၂နှစ်ဆက်တိုက်ဖလားရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

ဘရိုက်တန်ကိုအနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့ပရိသတ်တွေကလည်းကွင်းထဲမကြည့်ရပေမယ့်ကွင်းပြင်ကနေအောင်ပွဲတွေခံခဲ့တာဖြစ်ပါတယ်။ကစားသမားတွေကလည်းသမိုင်းတစ်လျောက်၂နှစ်ဆက်တိုက်ဖလားဆွတ်ခူးပြီးစံချိန်တင်ခဲ့တာကြောင့်ပျော်မြူးနေကြတာပါ။ပရိသတ်တွေအတွက်လည်းမန်စီးတီးအသင်းရဲ့အောင်ပွဲခံပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Manchester City 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။