မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ထိုင်းပရီးမီးယားလိဒ်ပွဲစဉ်ဖြစ်တဲ့မြောင်တောင်အသင်းနဲ့စမူပါကန်အသင်းတို့ပွဲစဉ်မှာတော့စမူပါကန်အသင်းက(ဝ-၃)ဖြင့်ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ဒီနှစ်သင်းဟာမြန်မာထိပ်တန်းကစားသမားတွေဖြစ်တဲ့အောင်သူနဲ့ကျော်ကိုကိုတို့ပါဝင်ကစားနေတဲ့အသင်းဖြစ်တာကြောင့်ပရိသတ်တွေစိတ်ဝင်စားတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ရပါတယ်။

အောင်သူနဲ့ကျော်ကိုကိုတို့ကိုပွဲမှာတွေ့ဆုံရမယ်လို့ပရိသတ်တွေထင်ခဲ့ပေမယ့်ပွဲထွက်လူစာရင်းမှာတော့ကျော်ကိုကိုကစာသူ့အသင်းတွက်ပါဝင်ပွဲထွက်ခွင့်ရပြီးအောင်သူကတော့မြောင်တောင်အသင်းရဲ့ချန်လှပ်မှုကိုခံခဲ့ရပါတယ်။ကျော်ကိုကိုကတော့ဒဏ်ရာကပြန်သက်သာလာပြီးနောကပိုင်းပွဲထွက်ကစားခွင့်ရပြီးခြေစွမ်းပြဂိုးတွေသွင်းနေတာဖြစ်ပါတယ်။

မြောင်တောင်အသင်းကတော့ရလဒ်တွေဆက်တိုက်ဆိုးရွားနေတာဖြစ်ပြီးအောင်သူကလည်းအရန်မှာတောင်မပါဝင်တဲ့ပွဲတွေများခဲ့တာပါ။ပရိသတ်တွေကလည်းအောင်သူပွဲထွက်ခွင့်မရတဲ့အပေါ်ကိုဝေဖန်မှုတွေရှိနေတာပါ။ပရိသတ်တွေအတွက်လည်းမြန်မာထိပ်သီးကစားသမားတွေကစားနေတဲ့အသင်းတွေထိပ်တိုက်တွေ့တဲ့videoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:สมุทรปราการซิตี้ SPC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။