ဘာကီနာဖာဆို နိုင်ငံရဲ့ သမ္မကတော့ ပြီးခဲ့တဲ့ မေလ ၁၁ ရက်က သမ္မတနန်းတော်ဟာ စစ်သွေးကြွအုပ်စုတခုရဲ့ ပြန်ပေးဆွဲခံထားရမှုကနေ ပြန်လွတ်လာသူ ၄ ယောက်ထဲက ၃ ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။

၎င်းပြန်ပေးဆွဲခံရသူတွေကို ကယ်ထုတ်ပေးခဲ့တာကတော့ ပြစ်သစ် ကွန်မန်ဒိုတွေဖြစ်ပြီး ၎င်းစစ်ဆင်ရေးအတွင်းမှာ ကွန်မန်ဒိုစစ်သည် ၂ ယောက်သေဆုံးခဲ့ပါတယ်။

၎င်းပြန်းပေးဆွဲခံရသူတွေဟာဆိုရင်လည်း အိမ်နီးချင်း ဘီးနင်းနိုင်ငံရဲ့ အမျိုးသားဥယျာဉ်ထဲကို လာရောက်လည်ပတ်နေတဲ့ ပြင်သစ်နိုင်ငံသားတွေပဲဖြစ်ပါတယ်။

သို့ပေမယ့် သူတို့ကိုလမ်းညွှန်ပေးခဲ့တဲ့ ဧည့်လမ်းညွှန်ကိုတော့ ကိုယ်ပေါ်မှာ ကျည်ဆံရာတွေနဲ့ သေဆုံးနေတာပဲ တွေ့ခဲ့ရပါတယ်လို့သိရပါတယ်။

ဘာကီနီဆိုဖာ သမ္မတအနေနဲ့လည်း ၎င်းပြန်ပေးဆွဲခံရမှုထဲကနေ ပြန်လွတ်လာသူတွေထဲက ၃ ဦးကိုလည်း သမ္မအိမ်တော်မှာတွေ့ဆုံပြီး နွေးထွေးစွာဆက်ဆံခဲ့ပေးခဲ့တယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ဘာကီနာဖာဆို နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ အစ္စလာမစ်စစ်သွေးကြွတွေ ကြီးစိုးနေလို့ ဒေသခံ အယောက် ၁ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

Souce -REUTERS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။