မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာကတော့ ဘိုဆန်တဲ့မျက်နှာလှလှလေးနဲ့ နိုင်ငံခြားသူလေးတစ်ယောက်လို ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ နှာတံစင်းစင်းလေးနဲ့ စွဲမက်ဖွယ်နှုတ်ခမ်းဖူးဖူးလေးကို ပိုင်ဆိုင်ထားတဲ့ ပက်ထရစ်ရှာက အသားအရေကအစ ဝင်းမွတ်တောက်ပြောင်လွန်းလို့ မြင်သူတိုင်းက ငေးမောနေရတာ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေရတဲ့ ရှာရှာက လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။

ရှာရှာက " မဖဲဝါ " လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ထိုင်းက သရုပ်ဆောင်တွေနဲ့အတူ ပါဝင်ရိုက်ကူးရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကိုတော့ ထိုင်း ဒါရိုက်တာ Pakphum Wongjinda ပုံဖော်ရိုက်ကူးမှာဖြစ်ပြီး ထိုင်း၊မြန်မာနဲ့ အခြား Asia နိုင်ငံတွေမှာပါ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ အခုလည်း ပက်ထရစ်ရှာက ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဟာသသရုပ်ဆောင်နဲ့အတူ ရုပ်ရှင်ရိုက်ကူးနေရတဲ့ ပုံလေးတွေကို တင်ပေးထားပါတယ်။

"Na rak Koohtee " ဆိုတဲ့ ထိုင်းသရုပ်ဆောင်ကတော့ ထိုင်းနိုင်ငံမှာသာမက မြန်မာနိုင်ငံက ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များနေတဲ့ ဟာသသရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ အခုလက်ရှိမှာ ရှာရှာက Koo Htee နဲ့ အတူ ရုပ်ရှင်ရိုက်ကူးနေရတာဖြစ်ပြီး သူမအနေနဲ့ အရမ်းကို ပျော်ရွှင်နေရတယ်လို့ ဆိုထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ထိုင်းသရုပ်ဆောင်နဲ့ ပက်ထရစ်ရှာတို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:sueshanaing;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။