ပရီးမီးယားလိဒ်ပြိုင်ပွဲကြီးကတော့မနေ့ကနောက်ဆုံးပွဲစဉ်တွေယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ဖြစ်ပါတယ်။နောက်ဆုံးပွဲစဉ်တွေအပြီးမှာတော့မန်စီးတီးအသင်းကပဲပါပူးအသင်းကိုတစ်မှတ်ဖြတ်ပြီးဗိုလ်ဆွဲသွားခဲ့ပါတယ်။ဒီနှစ်ပရီးမီးယားလိဒ်ပြိုင်ပွဲကတော့နောက်ဆုံးပွဲစဉ်တွေအထိပရိသတ်တွေကိုရင်ခုန်စရာအပြည့်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာတော့အင်္ဂလန်မှာအောင်မြင်မှုတွေများစွာယူထားတဲ့မန်ချက်စတာယူနိုက်တက်ကတော့အဆင့်၆နေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာရာသီစတည်းကရလဒ်တွေဆိုးရွားခဲ့တာဖြစ်ပြီးယာယီနည်းပြဆိုးရှားလ်ဆိုခန့်အပ်ပြီးနောက်ပိုင်းရလဒ်တွေပြန်ကောင်းခဲ့ပါတယ်။ဒါမယ့်တရားဝင်နည်းပြခန့်အပ်ပြီးမကြာခင်မှာတော့ရလဒ်တွေဆိုးရွားလာခဲ့ပြီးခုလိုအဆင့်၆နေရာမှာသာရပ်တည်နိုင်ခဲ့ပါတယ်။

မန်ယူအသင်းဟာအဆင့်၆သာရပ်တည်နိုင်ခဲ့တာကြောင့်လာမယ့်ရာသီချန်ပီယံလိဒ်ဝင်ခွင့်ကိုလည်းဆုံးရှုံးရတော့မှာဖြစ်ပါတယ်။မန်ယူအသင်းဟာနောက်နှစ်ရာသီမှအသင်းရဲ့အဓိကကသမားတွေကိုပါဆုံးရှုံးရတော့မှာဖြစ်တာကြောင့်မန်ယူအသင်းအတွက်တော့ခက်ခဲတဲ့ရာသီတွေကိုဖြတ်ကျော်ရတော့မှာဖြစ်ပါတယ်။ဆိုးရှားလ်ကလည်းမန်ယူအသင်းအသင်းအောင်မြင်မှုတွေရဖို့ဆိုနောက်၄ရာသီလောက်ထိပြင်ဆင်ရမှာလို့ပွဲအပြီးမှာပြောသွားခဲ့တာကြောင့်မန်ယူအသင်းကတော့ဖလားလက်မဲ့ရာသီတွေကိုဖြတ်ကျော်ရဖွယ်ရှိနေတာပါ။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။