မြန်မာ့လက်ဝှေ့ဖိုက်တာတွေထဲမှာ ထိပ်တန်းစာရင်းဝင်သူတစ်ဦးဖြစ်တဲ့ ထွန်းထွန်းမင်းကတော့ ဒူးဒဏ်ရာဖြင့် နှစ်အတော်ကြာ ဝေးကွာခဲ့ပြီး လက်ဝှေ့လောကထဲကို မကြာသေးမီလောက်က ပြန်လည်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ လက်ဝှေ့လောကထဲသို့ ပြန်လည်ဝင်ရောက်လာချိန်မှာ ပြည်ပဖိုက်တာတွေ့နဲ့အတူ ချန်ပီယံဒေဝကိုပါထိုးသတ်ခဲ့ပြီး သရေရလဒ် အနိုင်ရလဒ်တွေကို ပိုင်ဆိုင်နိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။  

လက်ရှိ ထွန်းထွန်မင်းကတော့ လေ့ကျင့်မှုတွေကို အဆက်မပျက်ပြုလုပ်လျှက်ရှိပြီး ချန်ပီယံ ဒေဝကို ပြန်လည်စိန်ခေါ်ထိုးသတ်ရန်ပြင်ဆင်နေကြောင်း သိရပါတယ်။ မကြာသေးမီက ထွန်းထွန်းမင်းကတော့ လူငယ်ဖိုက်တာ ရွှေရာမာန်နဲ့ထိုးသတ်မည့်ပွဲကို သဘောတူခဲ့ပြီး လာမည့် ဒီဇင်ဘာလအတွင်း ထိုးသတ်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။ အဆိုပါ ပွဲမတိုင်မီ ကြားပွဲများစွာကို ထိုးသတ်ဖို့ရှိနေပြီး လေ့ကျင့်မှုတွေနဲ့အတူ နေ့စဉ်ဖြတ်သန်းနေကြောင်း သိရပါတယ်။ ဒီကနေ့ထွန်းထွန်းမင်းကတော့ သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် မွန်ပြည်နယ်ရှိ ဝင်းစိန်တောရပွဲမှာ ထိုးသတ်ဖို့လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ ပွဲနဲ့ပတ်သက်ပြီး " ဝင်းစိန်တောရပွဲမှာ ထိုးသတ်ဖို့ စာချုပ်ချုပ်လိုက်ပါပြီး မွန်ပြည်နယ်ပွဲတွေနဲ့ ၃နှစ်လောက်ဝေးကွာနေခဲ့တဲ့ ကျွန်တော် အခုနောက်ဆုံးမှာတော့ ကိုယ့်ပြည်နယ်ထဲက ထွန်းထွန်းမင်းဆိုတဲ့နာမည်တစ်လုံးဖြစ်ဖို့စတင်ခဲ့တဲ့ ဝင်းစိန်တောရပွဲမှာ ထိုးသတ်ဖို့စာချုပ်ချုပ်လိုက်ပါပြီး ၁လပိုင်းပွဲပါ မွန်ပြည်နယ်ကပရိတ်သတ်ကြီးရေ ပြန်တွေ့ကြမယ်နော်" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ ဒဏ်ရာက သက်သာလာပြီးနောက်ပိုင်းလေ့ကျင့်မှုတွေနဲ့အတူ ပြိုင်ပွဲတွေမှာ ပြန်လည်ဝင်ရောက်ထိုးသတ်နေတဲ့ ထွန်းထွန်းမင်းရဲ့ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

Photos - tun min tun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။