သူရိယတို့မောင်နှမဟာ စိန်ဘယက်ဆေးတိုက်ပိုင်ရှင်တွေလည်းဖြစ် ငယ်ငယ်ထဲက ဆေးကိုကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကလေးနှစ်ယောက်ဖြစ်ခဲ့ပါတယ်။

အနုပညာလောကထဲမှာ ပရိသတ်အခိုင်အမာရရှိနေပြီဖြစ်တဲ့ သူရိယဟာ လူမှုကွန်ရက်မှာ သူ့ရဲ့ချစ်ညီမလေးနဲ့ပုံလေးတွေကို အမြဲတင်လေ့ရှိပါတယ်။

လက်ရှိမှာတော့ သူရိယ တို့မောင်နှမဟာ ပဲခူးမြို့ရွှေမောဓောဘုရားက ဆွမ်းကြီးလောင်းလှုပွဲမှာ တစ်တက်တစ်အားအဖြစ် သူတို့ရဲ့ စိန်ဘယက်မိသားစုကိုယ်စား ဆေးဝါးများလှုဒါန်းဒါနပြုခဲ့တယ်လို့သိရပါတယ်။

မောင်နှမလေးနှစ်ယောက် ရုပ်ချင်းကလည်း အရမ်းဆင်သလို ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေလည်း မြင်ရင် စိတ်ကြည်နူးမိမှာပါ။

သူတို့မောင်နှမနှစ်ယောက်အပါအဝင် မိသားစုလိုက် ကုသိုလ်ယူခဲ့တဲ့ ပုံရိပ်များကို မျှဝေလိုက်ပါတယ်နော်။

သာဓုခေါ်လိုက်ပါဦး ပရိသတ်ကြီးရေ။ 

သတင်းအရင်းမြစ် Thuyiya fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။