EcoFlow က ဖန်တီးထားတဲ့ River အမည်ရ Power Bank ဟာ အီလက်ထရောနစ်ပစ္စည်း ၁၀ လုံးကိုတစ်ပြိုင်နက် အားသွင်းပေးနိုင်ပါတယ်။ သူဟာကားဘက်ထရီ အရွယ်အစားလောက် ရှိပြီး ၁၁ ပေါင် အလေးချိန် ရှိပါတယ်။ သူ့ကို အိတ်ကပ်ထဲထည့်သွားလို့ မရဘဲကျောပိုးအိတ်ထဲမှာထည့်သွားမှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ မိသားစုများခရီးသွားတဲ့ အခါမှာယူဆောင်သွားဖို့ သင့်တော်ပါတယ်။ သူ့ကိုအားဖြည့်ဖို့အတွက် ခြောက်နာရီ ကြာမြင့်ပါတယ်။

ကားချာဂျာနဲ့ အားသွင်းမယ်ဆိုရင်တော့ ကိုးနာရီ ကြာမြင့်ပါတယ်။ သူ့မှာ Ports များစွာတပ်ဆင်ထားပါတယ်။ USB 2.0 Quick Charge Port နှစ်ခု၊ သာမန် USB Port နှစ်ခု၊ USB-C Port နှစ်ခု၊ AC Outlets နှစ်ခု၊ DC Outlets နှစ်ခုနဲ့ 12V Car Port တစ်ခုပါပါတယ်။ သူ့ရဲ့ ဘက်ထရီ ပမာဏကတော့ 114000mAh ဖြစ်ပါတယ်။ သူဟာစမတ်ဖုန်း၊ တက်ဘလက်များအပြင် လက်တော့ ၊ ပီစီများနဲ့ အခြားအီလက်ထရောနစ် ကိရိယာများကိုစွမ်းအင်ပံ့ပိုးပေးနိုင်ပါတယ်။

သူ့မှာခေါက်ချိုးနိုင်တဲ့ Solar Panel ပါပြီးနေရောင်ခြည်ကနေအားသွင်းနိုင် ပါတယ်။ အားသွင်းချိန်ဟာရာသီဥတုအပေါ်မူတည်ပြီး ၁၀ နာရီကနေ ၁၅ နာရီအထိ ကြာမြင့်တတ်ပါတယ်။ Solar Panel ကို ၂၉၉ ဒေါ်လာဖြင့် သီးခြား ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ သူဟာ IP63 စံနှုန်းရှိတဲ့အတွက် ရေစက်ရေပေါက်များဒဏ်ကိုခံနိုင်ပါတယ်။ River ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၇၀၀ ဖြစ်ပါတယ်။

Source: Mobile Guide

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။