ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင်ဖြစ်တဲ့ ပိုပိုကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်...။ သူမဟာဆိုရင် သိန်းထောင်ချီတဲ့ ကိုယ်ပိုင် studio အိမ်ကြီးကိုလည်း ဆောက်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်..။ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလမ်းကြောင်းမှာတင်မကဘဲ စီးပွားရေးလမ်းကြောင်းပေါ်မှာ အောင်မြင်နေသူဖြစ်တာမလို့ ပရိသတ်တို့ အနေနဲ့ လေးစားဂုဏ်ယူဖွယ်အားပေးကြရမှာပါ...။

ပိုပိုရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်း သူမရဲ့ အလှတွေကို မြင်တွေ့ကြရမှာပါ...။ ဖျော်ဖြေရေးပွဲ လမ်းတွေလည်း တက်ရောက်ခဲ့တဲ့ သူမဟာဆိုရင် မြန်မာနိုင်ငံရှိ ထိပ်တန်း အဆိုတော်၊ မော်ဒယ်လ်တစ်ဦးထဲမှာ အပါအဝင်ဖြစ်ပါတယ်..။ သီချင်းအသစ်တွေကိုလည်းပြုလုပ်ဖန်တီးလျက်ရှိပြီး "ချစ်ခဲ့ဖူးသမျှ"၊ "ဘာမှမလိုဖူး" စတဲ့ တေးသီချင်းတွေဟာဆိုရင် ပရိသတ်တွေရင်ထဲ စွဲကျန်ရစ်ခဲ့မှာ အမှန်ပင်ဖြစ်ပါတယ်..။

ပိုပိုက ပရိသတ်ကြီးနဲ့အဆက်အသွယ် မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "၂၉ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်နဲ့ အိမ်သစ်ရဲ့ My Bed ခေါင်းရင်းမှာ light box..လုပ်ပြီး ထားမလို့ ဘယ်ပုံလေး ထားရမလဲ ရွေးပေးပါ ဦး ချစ်ဆုံးတို့ရေ" ဆိုတဲ့ status လေးနဲ့တကွ ပုရိသတွေစွဲမက်ဖွယ် အလှပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။