Mini Mister Myanmar & Mini Miss Myanmar ပြိုင်ပွဲကြီးမှာ Little Miss Supranational ဆုကို ရရှိခဲ့တဲ့ မန္တာလာမြေသူလေး သွန်းမြတ်ကြယ်စင်တစ်ယောက် မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ အရမ်းကိုအသည်းယားစရာကောင်းလွန်းနေပါတယ်။ စစ်ကိုင်းမြို့ရဲ့ ကောင်းမှုတော် ဘုရားမှာ အရမ်းကိုချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ Snap ပုံရိပ်လေးတွေက လှပလွန်းနေပါတယ်။ သမီးလေးဟာ မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့လည်း အခုကတည်း လေ့ကျင့်နေပြီပဲဖြစ်ပါတယ်။ 

ကားစီးရင်းမောင်လေးကိုထိန်းနေတုန်းမှာ " မမက မင်းသမီးနော် မမကိုမထိရဘူးနော် ကိုယ့်ဟာကိုယ် ကစားနော် " ဆိုပြီး ပြောနေတဲ့ သူမရဲ့ Video File လေးကြောင့်လည်း အားလုံးက အချစ်ပိုခဲ့ရ တာပဲဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် အရမ်းကို လည်လွန်းတတ်လွန်းတဲ့ ချစ်စဖွယ်သမီးလေးပါပဲ။ 

မန္တလာသူလေးဖြစ်ပြီး စစ်ကိုင်းမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ကောင်းမှုတော်ဘုရား မှာ ရိုက်ကူးထားတဲ့ ချစ်စဖွယ် မြန်မာဆန်ဆန်ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားလို့နေပါတယ်။ အတတ်ပတတ်လေးက Pose ပေးလည်း ကျွမ်းကျင်ပါသေးတယ်။ အိုက်တင်ကတော့ တကယ့်ဝါရင့်မင်းသမီးတွေလိုပဲနော်။

Photo - Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။