ပရိသတ်ကြီးရေ ချစ်စရာကောင်းတဲ့မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ နန်းသူဇာကိုတော့ ပရိသတ်တွေက သူမရဲ့ကြော်ငြာလေးတွေကနေစပြီး စတင်သတိထားမိလာတာပဲဖြစ်ပါတယ်။သူမရဲ့ ဖြူစင်တဲ့အပြုံးလေးတွေ ချစ်စရာအပြုအမူလေးတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များခဲ့ပါတယ်။နန်းသူဇာ ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းတွေဟာဆိုရင်လည်း ပရိသတ်တွေကြိုက်နှစ်သက်ကြပါတယ်နော်။

နန်းသူဇာကတော့ အဆိုတော် ကျော်ထွဋ်ဆွေနဲ့ မေတ္တာမျှနေတာ နှစ်တွေတောင်ကြာနေပါပြီနော်။ကျော်ထွဋ်ဆွေကလည်း ချစ်သူလေးကို အရိပ်တကြည့်ကြည့်နဲ့ အရမ်းချစ်ပြီး အလိုလိုအကြိုက်ဆောင်တာကြောင့် နန်းသူဇာကတော့ အမြဲတမ်းပျော်ရွှင်နေရပါတယ်။ကျော်ထွဋ်ဆွေနဲ့နန်းသူဇာတို့စုံတွဲလေးကို ပရိသတ်တွေက အားကျပြီး သဘောတူနေကြတာပါ။နှစ်ယောက်စလုံးက အနုပညာရှင်တွေဖြစ်ကြပြီး လိုက်ဖက်ညီကြတာကြောင့် ပရိသတ်တွေက အားပေးချစ်ခင်ကြပါတယ်။

အခုဆိုရင်တော့ ကျော်ထွဋ်ဆွေက ချစ်သူလေးကို စိတ်ကောက်နေတာကြောင့် နန်းသူဇာက "စိတ်ကောက်ချင်ယောင်ဆောင်သူကြီး ကို ချော့တာ အတွဲပုံတင်တဲ့..... သူစိတ်ကောက်နေတယ်တဲ့ စိတ်ကောက်နဲ့တော့နော်ကော်ကော်ကျို"ဆိုပြီး ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးစရာစုံတွဲပုံလေးတွေကို တင်ပြီး ရေးသားထားတာကိုတွေ့ရပါတယ်။နန်းသူဇာနဲ့ ကျော်ထွဋ်ဆွေတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source:Nann Thuzar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။