အနုပညာလောကမှာ ပရိသတ်တွေအားကျရတဲ့ ဇနီးမောင်နှံစုံတွဲလေးကတော့ သင်ဉ္ဇာနွယ်ဝင်းတို့စုံတွဲလေးပဲ ဖြစ်ပါတယ်။ သင်ဉ္ဇာဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကိုအနားယူထားသော်လည်း ပရိသတ်တွေကတော့ယနေ့ထက်ထိအချစ်ပိုနေဆဲပါ။ သူမဟာ ခင်ပွန်းသည်နှင့်အတူ သားလေး Peach လေးနဲ့သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ခင်ပွန်းသည်နဲ့ အလိုလိုက်ဂရုစိုက်မှုတွေကြောင့်လည်း သင်ဉ္ဇာတစ်ယောက် ကြည်နူးပီတိဖြစ်နေရတာပါ။

သားလေး Peach လေးဟာလည်း နှစ်ဖက်အဖိုးအဖွားတွေရဲ့အသည်းကျော်လေးပါ။ သားလေးဟာ အရမ်းကိုချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေကလည်း ချစ်မဝဖြစ်နေရတာပါ။ မေမေကလည်း သားလေးရဲ့လှုပ်ရှားမှုပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကိုမျှဝေလေ့ရှိတာလည်း ဖြစ်ပါတယ်။ သူတို့မိသားစုလေးကတော့တစ်ယောက်ကိုတစ်ယောက်နွေးထွေးမှုတွေနဲ့ပြည့်နှက်နေတာကြောင့်ပရိသတ်တွေအားကျနေရတာဖြစ်ပါတယ်။

ဒီနေ့လေးကတော့ သင်ဉ္ဇာနွယ်ဝင်းရဲ့ချစ်ခင်ပွန်း Steven Hla ရဲ့မွေးနေ့ရက်မြတ်လေးပါ။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း “ happy birthday ပါချစ်ယောကျာ်း မွေးနေ့ကစပြီး လုပ်သမျှကြံသမျှ အောင်မြင်ပါစေ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်တဲ့မိသားစုလေးအမြဲ ရပါစေ။ ဒီထက်ပိုပြီး သားသားနဲ့ မိန်းမကိုပိုချစ်နိုင်ပါစေ ” ဆိုပြီးမျှဝေထားတာပါ။

Photo - Thinzar Nwe Win 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။