၂၀၁၄အာရှယူ၁၉ပြိုင်ပွဲကနေအကောင်းဆုံးခြေစွမ်းတွေကြောင့်ပရိသတ်တွေပိုသတိထားမိလာတာကတော့ကျော်မင်းဦးပဲဖြစ်ပါတယ်။နိုင်ငံအသင်းမှာသာမကမိခင်ကလပ်ရန်ကုန်ယူနိုက်တက်အသင်းမှာပါခြေစွမ်းပြကစားနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ကျော်မင်းဦးကတော့မြန်မာအသင်းအတွက်အားကိုးရတဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့်ဒဏ်ရာကြောင့်အချိန်တော်ကြာအနားယူနေခဲ့ရတာဖြစ်ပါတယ်။

သူ့ရဲ့ဒဏ်ရာအခြေနေကြောင့်ဘောလုံးလောကမှအနားယူဖို့ဆုံးဖြတ်ခဲ့သူတစ်ဦးဖြစ်ပြီးပရိသတ်တွေအဖွဲ့ချုပ်ရဲ့အားပေးမှုတွေကြောင့်ဒဏ်ရာကိုပြန်ကုသဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။သူကတော့ခုမှာလည်းဒူးဒဏ်ရာကိုခွဲစိတ်ဖို့ဘန်ကောက်ကိုရောက်နေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်းသူ့ကိုစိတ်ပူဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

ခုမှာတော့ပရိသတ်တွေကသူ့ရဲ့သတင်းတိုင်းကိုစိတ်ဝင်စားနေကြတာဖြစ်ပြီးစိုးရိမ်မှုတွေလည်းရှိနေကြတာပါ။သူ့ကိုမြက်ခင်းစိမ်းတွေပေါ်မှာပြန်မြင်ရဖို့ကတော့အများကြီးကြိုးစားရဦးမှာဖြစ်ပါတယ်။ကျော်မင်းဦးကိုအားပေးနေတဲ့ပရိသတ်ကြီးအတွက်လည်းသူ့ပြောထားတဲ့ဘောလုံးကိုချစ်မြတ်နိုးမှုအကြောင်းVIDEOလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။