ပရိသတ်ကြီးရေ အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာယူထားတဲ့ စန္ဒီမြင့်လွင့်ကတော့ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ စန္ဒီမြင့်လွင်က အိမ်ထောင်ကျသွားပြီး သမီးလေးကိုယ်ဝန်ကိုလည်းလွယ်ထားရပါပြီနော်။ချစ်ခင်ပွန်းကလည်း ချစ်ဇနီးလေးကို အရမ်းချစ်တာကြောင့် အရာအားလုံး ဒီဒီးရဲ့ စိတ်တိုင်းကျပါပဲနော်။

ဒီဒီးရဲ့ ညီအစ်မတွေဖြစ်တဲ့ စိုးမြတ်သူဇာ စိုးမြတ်နန္ဒာ စိုးပြည့်သဇင် တို့ကလည်း ဒီဒီးကို ဂရုစိုက်စောင့်ရှောက်ကြပြီး သူတို့ရဲ့ တူမလေးကို မမွေးဖွားခင်ကတည်းက အရမ်းချစ်နေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဒီဒီးတို့ဇနီးမောင်နှံက စိတ်တူကိုယ်တူနဲ့ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုကို ထူထောင်လိုက်ကြပြီဖြစ်ပါတယ်။ဒီဒီးတို့ရဲ့ Bar ဆိုင်အသစ်လေးကလည်း အများနဲ့မတူ တစ်မူထူးခြားနေတာကြောင့် အမြင်သစ်လေးကို ဖြစ်ပေါ်စေပါတယ်နော်။

ဒီဒီးတို့ရဲ့ ဆိုင်သစ်ဖွင့်ပွဲလေးကို မနေ့ကပဲကျင်းပခဲ့ကြပြီး အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ဆွေမျိုးမိတ်ဆွေတွေက အားပေးတက်ရောက်ပြီး နောက်ထပ်ဆိုင်ခွဲတွေအများကြီးဖွင့်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါတယ်။မနေ့က ဆိုင်ဖွင့်ပွဲလေးမှာ ဒီဒီးက "ဗိုက်ဗိုက်ကဧည့်ခံရေးနဲ့ပြန်လည်နေရာချထားရေးတာဝန်ယူခဲ့ပါတယ်"ဆိုပြီး ဇနီးမောင်နှံနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားတာကိုတွေ့ရပါတယ်နော်။

Source:Sandy Myint Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။