ဆယ်စုနှစ်တစ်ခုကျော်ကြာအနုပညာလောကမှာအောင်မြင်တဲ့သူတစ်ယောက်အဖြစ်ရပ်တည်နေတာကတော့ပြည်သူ့အချစ်တော်မင်းသမီးအိန္ဒြာကျော်ဇင်ပဲဖြစ်ပါတယ်။သူမကတော့လက်ရှိအချိန်ထိမြန်မာနိုင်ငံမှာပရိသတ်အားပေးမှုအမြင့်ဆုံးနဲ့အအောင်မြင်ဆုံးအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

သူမကတော့လက်ရှိမှာလည်းအနုပညာလောကမှာအောင်မြင်နေတာအပြင်ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူတို့မိသားစုလေးကတော့အမြဲကိုပျော်ပျော်ရွှင်ရွှင်နဲ့အေးချမ်းနေတာဖြစ်ပါတယ်။မိသားစုပုံရိပ်လေးတွေvideoလေးတွေကိုတင်ပေးလေ့ရှိပြီးပရိသတ်တွေသာမကအနုပညာညီကိုမောင်နှမအချင်းချင်းတောင်အားကျနေရတာဖြစ်ပါတယ်။ 

သူမကတော့အနုပညာအလုပ်တွေကိုလည်းတက်နိုင်တဲ့ဘက်ကနေပရိသတ်တွေအတွက်ကြိုးစားနေတာဖြစ်ပြီးစီးပွားရေးလုပ်ငန်းတွေကိုလည်းလုပ်ကိုင်နေတာဖြစ်ပါတယ်။ခုမှာလည်းသူအရမ်းကြိုက်တဲ့အိတ်လေးဖြစ်တဲ့"TheBridge"အိတ်လေးကိုကြော်ငြာပေးထားတာဖြစ်ပါတယ်။အိတ်ချစ်သူများအတွက် လန်းလန်းလေးဖြစ်ဖို့ အူဝဲကိုယ်တိုင် "The Bridge"ကို အရောက်ပို့ပေးလိုက်ပါပြီနော်..."The Bridge"နဲ့အတူ လန်းကြမယ်"ဆိုတဲ့စာလေးနဲ့တူတူအိတ်လေးနဲ့လန်းနေတဲ့အိန္ဒြာကျော်ဇင်ရဲ့ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ပါတယ်။

Photo- Eaindra Kyaw Zin And The Bridge Myanmar  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။