အနုပညာလောကမှာ အောင်မြင်တဲ့ ငွေကြယ်ပွင့်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပုရိသတွေရဲ့ နှလုံးသားထောင့်တစ်နေရာမှာ နေရာယူထားသူ ဖြစ်ပါတယ်။ အလန်းစားဖက်ရှင်တွေနဲ့ သူမတူအောင် လှနေတတ်တဲ့ သင်ဇာက လတ်တလောမှာ အားလုံးရဲ့စိတ်ဝင်တစားအားပေးမှုတွေနဲ့အတူ တစ်ဟုန်ထိုးအောင်မြင်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် သင်ဇာက သူမချစ်သူကိုပါ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပြီ ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာတော့ သင်ဇာက ခရီးတွေထွက်ခဲ့ရာမှ အနုပညာအလုပ်တွေကို မနားတမ်း ပြန်လည်လုပ်ကိုင်လာတာ တွေ့ရပါတယ်။ ကြော်ငြာ၊ Photo Shooting တွေ ရိုက်ကူးနေတဲ့ သင်ဇာက မင်းသားချော ပိုင်တံခွန်နဲ့အတူ " သူ ဘယ်သူလဲ " ဇာတ်ကားကြီးကိုလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုလည်း သင်ဇာက ဘန်ကောက်မှာ အပန်းဖြေအနားယူခဲ့စဉ်က အမိုက်စားပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှထေားပါတယ်။

သင်ဇာက " All I need is a glass of wine & vacation soon " ဆိုပြီး ဝိုင်တစ်ခွက်နဲ့ ညအလှတွေကို ရူစားနေတဲ့ ပုံလေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ အနက်ရောင်ဖက်ရှင်လေးနဲ့ Sexy ကျကျ လှပနေတဲ့ သင်ဇာရဲ့အလှကတော့ မြင်သူတိုင်းကို ယစ်မူးစွဲလန်းစေမှာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ ကောက်ကြောင်းအလှတွေနဲ့ အလန်းစားပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thin Zar Wint Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။