မော်ဒယ်လေးတစ်ဦးအဖြစ် အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့တဲ့ နော်ဖောအယ်ထားကတော့ ချစ်စရာကောင်းတဲ့ ကယန်းတိုင်းရင်းသူလေး ဖြစ်ပါတယ်။ တရုတ်မင်းသမီးလေးလို့တောင် အားလုံးက အထင်မှားရလောက်တဲ့ နော်ဖောအယ်ထားလေးက အခုဆိုရင် သရုပ်ဆောင် အဖြစ်ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နော်ဖောအယ်ထားက ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားအတွက် ကြိုတင်ပြင်ဆင်နေရတာ ဖြစ်ပါတယ်။

"မဖဲဝါ" လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နော်ဖောအယ်ထားက ထိုင်းက သရုပ်ဆောင်တွေနဲ့အတူ ပါဝင်ရိုက်ကူးရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကိုတော့ ထိုင်း ဒါရိုက်တာ Pakphum Wongjinda က ပုံဖော်ရိုက်ကူးမှာဖြစ်ပြီး ထိုင်း၊မြန်မာနဲ့ အခြား Asia နိုင်ငံတွေမှာပါ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ အခုလည်း နော်ဖောအယ်ထားက ထိုင်းမင်းသားလေးနဲ့အတူ ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်နေရတာ ဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် စကားတွေပြောရင်း ဇာတ်ဝင်ခန်းအတွက် လေ့ကျင့်နေရင်း နော်ဖောအယ်ထားက ထိုင်းမင်းသားလေးကြောင့် ရှက်သွေးဖြာခဲ့ရပါတယ်။ ထိုင်းမင်းသားလေးရဲ့ အကြည့်တွေအောက်မှာ ရှက်သွေးဖြာနေတဲ့ နော်ဖောအယ်ထားကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နော်ဖောအယ်ထားနဲ့ ထိုင်းမင်းသားလေးတို့ရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Naw Phaw Eh Htar & Ampai Chatnapakaid ;

Credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။