ချစ်ပရိတ်သတ်ကြီး ရေ.... တစ်ခေတ်တစ်ခါကနေ အခုချိန်ထိ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားဆဲဖြစ်တဲ့ ပရဟိတမင်းသားကြီးကျော်သူကိုမသိတဲ့သူမရှိပါဘူးနော်။ သူဟာ ကလေးတွေကော လူကြီးတွေကပါလေးစားအားပေးခြင်းခံရတဲ့ သူလည်းဖြစ်သလို အနုပညာလောကအတွက်တကယ့်ကို စံထားရလောက်တဲ့မင်းသားတစ်လက်လည်းဖြစ်ပါတယ်နော်။

အခုတစ်ခါ ရုပ်ရှင်လောကထဲကိုပြန်ရောက်လာခဲ့တဲ့အချိန်မှာတော့ အရင်ကနဲ့မတူတဲ့ဖန်တီးမှုတွေ သရုပ်ဆောင်မှုတွေနဲ့အတူ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို ထပ်မံရရှိခဲ့ပြန်ပါတယ်နော်။ ကျော်သူဟာ အခုတစ်ခါမှာတော့ သရုပ်ဆောင်အပြင်ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကိုရိုက်ကူးပုံဖော်လျက်ရှိပါတယ်နော်။

အခုတစ်ခါမှာလည်း အမှတ်တရပေါင်းများစွာနဲ့ ဒဏ္ဍာရီပင်လယ်ဆိုတဲ့ ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေလျက်ရှိပါတယ်နော်။ ဇာတ်လမ်းဇာတ်ညွှန်းကလည်းဆန်းသလို အဖွဲ့သားတွေလည်း အရမ်းကိုပင်ပန်းပြီးကြိုးစားအားထုတ်ရတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်နော်။ ဒီဇာတ်ကားမှာတော့ ထူးထူးခြားခြားအနေနဲ့ အကယ်ဒမီ ခင်မို့မို့အေးရဲ့မြေးမလေး "မိုးထက်က ကံ့ကော်ခင်"ပါဝင်ရိုက်ကူးခဲ့ပြီးတော့ စစဦးချင်းသရုပ်ဆောင်တဲ့ရက်မှာပဲ နယ်ခံပရဟိတကလေးငယ်များက လာရောက်ဂါရဝပြုကန်တော့ခဲ့ကြပါတယ် လို့ ကျော်သူကဖွင့်ဟ ဆိုထားခဲ့ပြန်ပါတယ် ချစ်ပရိတ်သတ်ကြီးရေ....

Source : Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။