ရီးရဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ပြောဆိုခဲ့ပြီးပြီလို့ ဟာဇက်က အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ ချဲလ်စီးအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး ဟာဇက်အနေနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ချဲလ်ဆီးအသင်းဆီ ပြောကြားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

မိမိအနာဂတ်ကို ရှင်းရှင်းလင်းလင်း ဖြစ်ချင်ပေမယ့်လည်း ဖြစ်မလာခဲ့ဘူးလို့ ဟာဇက်က ပြောကြားခဲ့ပါသေးတယ်။ချဲလ်ဆီးအသင်းရဲ့ ဆုံးဖြတ်ချက်ကို လက်ရှိအချိန်ထိ စောင့်မျှော်နေဆဲဖြစ်ပြီး ပရိသတ်တွေကလည်း စောင့်မျှော်နေကြတယ်လို့ ချဲလ်စီးတိုက်စစ်မှူး ဟာဇက်က ပြောကြားထားခဲ့တာပဲ ဖြစ်ပါတယ်။ 

အသင်းနည်းပြ ဆာရီကလည်း ဟာဇက်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား သုံးဦးထဲ ပါဝင်နိုင်သူဖြစ်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားရမှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ဟာဇက်ကို အသင်းမှာဆက်ရှိဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဆက်ရှိမလား မသိနိုင်တော့ဘူးလို့ ဆာရီက ဆက်ပြီးဆိုပါတယ်။ဟာဇက်ကို ရီးရဲလ်မက်ဒရစ်အသင်းက ပေါင်သန်း ၁၀၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။

source: thesun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။