ပရိသတ်ကြီးရေ မလေးရှားနိုင်ငံမှာတော့ ကျောင်းသားနဲ့ ဆရာမဇတ်လမ်းလေးတစ်ပုဒ် ဖန်တီးချင်လောက်အောင် လှပလှတဲ့ ဆရာမလေး တစ်ဦးရှိလို့နေပါတယ်။

သူမရဲ့နာမည်ကတော့ Jash Jasfri ဖြစ်ပြီး အသည်းယားချင်စရာကောင်းတဲ့ သူမရဲ့မျက်နှာလေးကြောင့် လူစိတ်ဝင်စားမှုများလာခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့မျက်နှာလေးဟာ စာပြန်သင်ပေးနေရတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးတွေထက်ပါ နုနယ်လှပနေတာကြောင့် ကျောင်းတကျောင်းလုံးမှာ သူမရဲ့ ဂုဏ်သတင်းတွေက မွှေးပြီးရင်းမွှေးနေခဲ့တာပါ။

အဲ့ဒီနောက်မှာတော့ သူမရဲ့လှပမှု ဂုဏ်သတင်းဟာ ကျောင်းက ကျောင်းသားလေးတွေကြားမှာတင်မကဘဲ တမြို့နယ်လုံးမှာပါ တဖြေးဖြေး မွှေးလာခဲ့ပြီး သူမနဲ့ အတူ ဆရာမလေးနဲ့ ကျောင်းသားလေး ဇာတ်လမ်းဖန်တီးချင်သူတွေ အများကြီးရှိလို့နေပြီပဲဖြစ်ပါတယ်။

သူမစာသင်ကြားမှုကို ခံနေရတဲ့ကျောင်းသားလေးတွေအနေနဲ့ဆိုရင်လည်း ဆရာမလေးကို ကြိတ် crush နေပြီး ဖွင့်လဲမပြောရဲ ၊ ဖွင့်ပြောမိရင်လည်း ဆရာမလေး စိတ်ဆိုးပြီး သူတို့ကို မုန်းများမုန်းသွားမလားဆိုတဲ့ ခံစားချက်လေးတွေ မြိုသိပ်ရင်းနဲ့ နေနေရမယ်လို့ ထင်ပါတယ်။

ပရိသတ်တွေရော ဒီဆရာမလေးကို မြင်ပြီး ငယ်ဘ၀ အရမ်းချောလေးဆရာမလေး ကျောင်းရောက်လာတဲ့အခါ စာသင်ရင်း ခိုးခိုး crush ခဲ့ရတဲ့ အချိန်လေးတွေကို ပြန်မမှတ်မိသွားကြဘူးလား။

source - Stomp

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။