မန္တလေးသူ Mini Miss လေး သွန်းမြတ်ကြယ်စင်ရဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ snap ပုံရိပ်လေးတွေဟာ ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်းစားလို့နေပါတယ်။ အသက်ငယ်ရွယ်ပေမယ့် သူမလေးက အတော်လေးကို သိတတ်ပြီး လည်လွန်း တတ်လွန်းတာမို့ အားလုံးက အချစ်ပိုနေရတဲ့ အသည်းကျော်လေးတစ်ယောက်ပါပဲ။ Mini Mister Myanmar & Mini Miss Myanmar ပြိုင်ပွဲကြီးမှာ Little Miss Supranational ဆုကိုရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ပြိုင်ပွဲဝင်နေစဉ်မှာ သူမက Disney ဇာတ်ကောင်တွေထဲက Moana ဝတ်စုံလေးနဲ့ ပြိုင်ပွဲဝင်ခဲ့ပြီး အရမ်းကိုချစ်ဖို့ကောင်းလွန်းတဲ့ သူမရဲ့ Performance လေးတွေကြောင့် အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သူမလေးရဲ့ အပြုအမူတိုင်းဟာ ပရိသတ်တွေရဲ့ ရင်ထဲအသဲထဲထိအောင် အချစ်ပိုသွားစေခဲ့ပါတယ်။ မန္တလေးသူလေးကတော့ တစ်နိုင်ငံလုံးရဲ့အချစ်တွေကို အပြတ်အသတ်ကို ခြွေယူနေပါ တယ်။

အရမ်းကို လည်လွန်းတတ်လွန်းတဲ့ သမီးလေးက အနုပညာအလုပ်တွေကိုလည်း အတော်လေးဝါသနာပါသူတစ်ယောက်ပါပဲ။ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် လည်း အားလုံးကအချစ်ပိုနေရသူလေးပါ။ မြန်မာဝတ်စုံလေးနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ Mini Miss လေး သွန်းမြတ်ကြယ်စင်ရဲ့ အသည်းယားချင်စဖွယ်ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo - Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။