ရွှေကစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော ဂတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ ထိပ်တန်းကနေ ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပါပဲ..။

ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုတွေအပြင် ချိုမြိန်တဲ့ အပြုံးလှလှတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ အမူအရာ ဟန်ပန်လေးတွေကြောက့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်နော်..။

ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်လွန်းနေတဲ့ ရွှေကစ်လေးကတော့ အခုတစ်ခါမှာလည်း ညို့အားပြင်းလွန်းတဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားလိုက်ပြန်ပါတယ်နော်..။

ဆွဲဆောင်မှုရှိရှိ ကျော့ရှင်းလှပနေတဲ့ အမိုက်စားပုံလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ သူမရဲ့အလန်းစားပုံရိပ်လေးတွေကတော့ မြင်သူတကာကို ဖမ်းစားထားပြီး လည်ပြန်ငေးနေရလောက်အောင် လှသွေးကြွယ်လွန်းနေပါတယ်နော်..။

အားလုံးရဲ့ အသည်းတွေကို နောက်တစ်ကြိမ်ထပ်မံ ညို့ယူထားတဲ့ ရွှေကစ်လေးရဲ့ ပုံရိပ်လေးတွေကတော့ LUSH Magazine ရဲ့ Cover Story ကို နာမည်ကျော် ဒီဇိုင်နာမင်းသက်စံရဲ့ dress လေးတွေနဲ့ ရိုက်ပေးထားတာပဲ ဖြစ်ပါတယ်နော်..။

ချစ်ရတဲ့ ပရိသတ်တွေအတွက် အမှတ်တရလေးတင်ပေးလိုက်တဲ့ ရွှေကစ်လေးရဲ့ ကျော့ရှင်းလှပလွန်းနေတဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်နော်..။

Photo - ရွှေကစ်၊ LUSH Magazine၊ Aung Kyaw Tun (Visual Design)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။