ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ MNA လေယာဉ် စက်ချို့ယွင်းမှုကိစ္စကိုတော့ ပရိသတ်တွေ တော်တော်များများက သိရှိပြီးလောက်ပြီ ဖြစ်မယ်ထင်ပါတယ်။ ဒီဖြစ်စဉ်မှာတော့ အနုပညာရှင်တွေ လိုက်ပါစီးနင်းလာတဲ့ MNA လေယာဉ်မှ လေယာဉ်ရှေ့ဘီးမကျတာကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။ ကျွမ်းကျင်ပိုင်နိုင်တဲ့ လေယာဉ်မှူးကြီးကြောင့် အနုပညာရှင်တွေအပါအဝင် လိုက်ပါလာခဲ့တဲ့ ခရီးသည်တွေအားလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ရတာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ ပါဝင်စီးနင်းခဲ့တဲ့ နေမင်း၊ စည်သူမောင်၊ ခင်လေးနွယ်နဲ့ ယုသန္တာတင်တို့ အနုပညာရှင်တစ်စုတို့ကတော့ သူတို့ကြုံတွေ့ခဲ့ရပုံနဲ့ ပတ်သက်ပြီး ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေခဲ့ကြပါတယ်။ အခုလည်း မင်းသား စည်သူမောင်က ခရီးသည်တွေအားလုံး အသက်အန္တရာယ်ကင်းအောင် လေယာဉ်ကိုကျွမ်းကျင်စွာ မောင်းနှင်ပြီး ကယ်တင်ခဲ့တဲ့ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်ကို ကိုယ်တိုင်ကိုယ်ကျ ဦးချကန်တော့ခဲ့တာ တွေ့ရပါတယ်။

စည်သူမောင်က " အသက်သခင် ကျေးဇူးရှင်အား ဂါရဝပြု " ဆိုပြီး လေယာဉ်မှူးကြီးကို ထိုင်ကန်တော့ခဲ့တဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မနက်မှာလည်း လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နဲ့ စည်သူမောင်တို့က "မင်္ဂလာပါ" စကားဝိုင်းကို သွားရောက်ပြီး မေးခွန်းတွေကို ဖြေကြားခဲ့ကြပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အသက်သခင် လေယာဉ်မှူးကြီးကို ဦးချကန်တော့ခဲ့တဲ့ စည်သူမောင်ရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Si Thu Maung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။