ပရိသတ်ကြီးရေ အဆိုတော်ရဲရင့်အောင်နဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ဧငြိမ်းဖြူတို့ကတော့ အပြန်အလှန် မေတ္တာတွေဖလှယ်ရင်း လက်တွဲလာခဲ့တာ နှစ်နဲ့တောင်ချီနေပါပြီနော်။ရဲရင့်အောင်ကလည်း လူငယ်တွေကြိုက်နှစ်သက်ရတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ယခုချိန်ထိ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ရဲရင့်အောင်နဲ့ဧငြိမ်းဖြူတို့စုံတွဲလေးက လိုက်ဖက်ညီတာကြောင့် ပရိသတ်ကြီးက အရမ်းချစ်နေရတာဖြစ်ပါတယ်။

သူတို့စုံတွဲလေးက ခရီးတွေထွက်လည်း အတူတူ ပွဲအခမ်းအနားတွေကိုလည်း နှစ်ယောက်လုံး တက်ရောက်ကြတာဖြစ်လို့ အမြဲတမ်းရှေ့သွားနောက်လိုက် ညီပါတယ်နော်။ဧငြိမ်းဖြူကလည်း ချစ်သူအပေါ်မှာ ကလေးဆိုးလေးတစ်ယောက်လို ချစ်စရာကောင်းအောင် ချွဲနွဲ့တတ်တာကြောင့် ရဲရင့်အောင်ကတော့ အချစ်တွေပိုနေရတာပါ။နှစ်ယောက်သားက အပြန်အလှန် နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားကြလို့ ခိုင်ခိုင်မြဲနေတဲ့ အချစ်ရေးလေးပဲဖြစ်ပါတယ်။

အခုဆိုရင်လည်း ဧငြိမ်းဖြူက မျက်နှာပေါင်းတင်ပြီးချိန်မှာ ချစ်သူရဲရင့်အောင်က ရုတ်တရက်ကြီး Hot Pot သောက်ချင်တယ်ပြောလို့ မျက်နှာပြောင်နဲ့ပဲ ဆိုင်ကို ချက်ချင်းလိုက်ပို့ခဲ့တာဖြစ်ပါတယ်။ချစ်သူနှစ်ဦးကတော့ ကြည်ကြည်နူးနူးနဲ့ တစ်ယောက်ဖြစ်ချင်တာကို တစ်ယောက်ဖြည့်ဆည်းပေးရင်း သာယာအေးချမ်းနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Source:A Nyein Phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။