ဒီနှစ်ဘောလုံးရာသီမှာတော့မြန်မာ့လက်ရွေးစင်ကစားသမားတော်တော်များများဟာထိုင်းပရီးမီးယားလိဒ်ကိုပြောင်းရွေ့ကစားနေကြတာဖြစ်ပါတယ်။ထိုင်းလိဒ်ဟာပြိုင်ဆိုင်မှုပြင်းထန်တာကြောင့်မြန်မာကစားသမားတွေအနေနဲ့တော့ခက်ခက်ခဲခဲခြေစွမ်းပြနိုင်မှပွဲထွက်ခွင့်ရတာဖြစ်ပါတယ်။ထိုင်းလိဒ်အသင်းကြီးတွေမှာဆိုပွဲထွက်ခွင့်ရဖို့ရုန်းကန်ရပြီးခုမှာလည်းအောင်သူကတော့ပွဲထွက်ခွင့်အတွက်ရုန်းကန်နေရတာပါ။

အောင်သူကတော့မြောင်တောင်အသင်းကိုရောက်လာပြီးနောက်ပိုင်းမှာခြေစွမ်းပြနိုင်ပေမယ့်တစ်ကိုယ်တော်အစွမ်းသာပြနိုင်ခဲ့ပါတယ်။အသင်းရဲ့ကစားဖော်တွေကလည်းတစ်ကိုယ်ကောင်းဆန်တာကြောင့်အောင်သူအတွက်ပွဲတိုင်းဟာခက်ခဲပြီးနောက်ဆုံးတော့ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ပါတယ်။ပရိသတ်တွေလည်းအဆိုပါကိစ္စကိုမကျေမနပ်တွေဖြစ်နေကြတာပါ။

အောင်သူနဲ့တူတူမြန်မာနာမည်ကျော်ကစားသမားဖြစ်တဲ့ကျော်ကိုကိုကလည်းထိုင်းကလပ်စမူပါကန်အသင်းမှာကစားနေတာဖြစ်ပါတယ်။ကျော်ကိုကိုကတော့ဒဏ်ရာကနေပြန်သက်သာလာပြီးပွဲထွက်ခွင့်တွေရသလိုခြေစွမ်းတွေပြနေတာပါ။ခုမှာလည်းကျော်ကိုကိုကအောင်သူကိုအသင်းနဲ့ပြဿနာတစ်ချို့ရှိပေမယ့်လည်းထိုင်းလိဒ်မှာအကောင်းဆုံးခြေစွမ်းတွေနဲ့ပြန်လာမှာယုံကြည်တယ်ဆိုပြီးရေးထားတာဖြစ်ပါတယ်။ပရိသတ်တွေလည်းအောင်သူကိုအားပေးစကားတွေနဲ့ပြန်လာဖို့တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Kyaw Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။