မင်းရာဇာကတော့ ရုပ်ရှင်နဲ့ဗီဒီယိုလောကမှာ အက်ရှင်မင်းသားတစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေရင်ထဲ စွဲမက်စွာနေရာယူခြင်းခံထားရသူပဲဖြစ်ပါတယ်။ မင်းသားချော မင်းရာဇာကတော့ ခပ်ကြမ်းကြမ်းအက်ရှင်တွေ သဘာဝကျတဲ့ ဇာတ်ရုပ်တွေနဲ့ နာမည်ကျော်ကြားတဲ့ မင်းသားချောတစ်ဦးဖြစ်ပါတယ်။

မင်းရာဇာကတော့လက်ရှိမှာ အနုပညာလုပ်ငန်းတွေလည်း လုပ်ကိုင်ရင်း ချစ်ရတဲ့ဇနီးချောလေးရယ် ချစ်စရာကောင်းတဲ့သမီးလေးရယ်နဲ့ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ ယခုမှာတော့မင်းရာဇာတို့မိသားစုဘဝလေးထဲကို သားလေးတစ်ယောက်ထပ်တိုးလာခဲ့ပြီး မင်းရာဇာတို့မိသားစုလေးဟာ ပိုပြီး ပျော်စရာကောင်းသွားခဲ့ပါတယ်။ 

ယနေ့မှာတော့ မင်းရာဇာတစ်ယောက် ၀၀တုတ်တုတ်လေးနဲ့အသည်းယားစရာကောင်းပြီး ချစ်ဖေကြီးနဲ့ ချွတ်စွတ်တူလွန်းတဲ့ သားလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်တင်ပေးခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းရာဇာတို့သားအဖရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

SOURCE: မင်းရာဇာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။